အပိုင်း (၁၁)

5K 249 22
                                    

Unicode

ဟေသာ ကျောင်းကိုရောက်ထဲကကြားနေရတဲ့သတင်းက မနေ့ကကောင်မလေးတွေ ရန်ဖြစ်ကြတဲ့သတင်းသာဖြစ်သည်။ ထိုသ တင်းကတော်တော်လေးဟိုလေးကျော်ကျော်ဖြစ်သည်။ အခုလည်း ဟေသာရယ်၊မေရီ ရယ် အားကစားခန်းထဲရောက်နေတာတောင် ကြားရတဲ့ စကားတိုင်းကသုံးပွင့်ဆိုင်အကြောင်းကိုဖြစ်သည်။

အားကစားခန်းမရဲ့လူအားပေးတဲ့ခုံတန်းတွေရှိတဲ့နေရာဘက်ခြမ်းမှာ ဟေသာနဲ့ မယ်ရီ၊ ထမင်းဘူးလေးဖွင့်ကာစားသောက်နေကြခြင်းဖြစ်သည်။ အိမ်ကနေထမင်းဘူးထည့်လာကြတဲ့အပြင်၊ ဒီနေ့ကန်တင်းဘက်မှာထိုကိစ္စကြောင့် လူစုံနေသည် ... အထူးသဖြင့် main event ဖြစ်တဲ့ထွဋ်ပြည့်လျှံရှိတဲ့နေရာမှာ စပ်စုတဲ့သူတွေ ပေါလှတာကြောင့် ဟေသာ တို့ကနေ့လည်စာစားဖို့ အားကစားခန်းမကိုရွေးလိုက်ခြင်းဖြစ်သည်။ အားကစားခန်းမက အရင်နေ့ကထက်လူရှင်းနေကာ၊အဲယားကွန်းကလည်း‌နေလို့၊ထိုင်လို့ကောင်းနေတာဖြစ်သည်။

" ငါတို့ဒီတိုင်းသာဆို ကန်တင်းကလူတိုးလို့တောင်ပေါက်မယ့်ပုံမရှိဘူး၊ငါဒီအချိန်မှာသာ မနေ့ကပုံကို gp ထဲထည့်ပေးလိုက်ရင်ဘာဖြစ်သွားမယ်ထင်လဲ "

" အရှုပ်တွေထဲ ဝင်မပါစမ်းပါနဲ့မယ်ရီရယ်၊ငါပတ်မပြေးနိုင်ဘူး "

" ဘာတွေပတ်ပြေးနေကြတာလဲ "

ဘတ်စကတ်ဘောကို လက်ထဲပိုက်ထားလို့‌ ဟေသာတို့နားရှိရာစီ၊ တန်းတွေကိုကျော်
ခွရင်းရောက်လာတဲ့ လူဘုန်းသန့်ဖြစ်သည်။

" ရောက်လာပြန်ပြီ ... သူ ဒီရက်ပိုင်းငါတို့ရှိတဲ့နေရာကို ရောက် ရောက်‌လာသလိုဘဲ
နော် "

မယ်ရီကပြောလာတော့ ဟေသာပါတွေးမိသည်၊ ဒီရက်ပိုင်း လူဘုန်းသန့်ကို နေရာတိုင်းတွေ့နေရတာဖြစ်သည်။ ထိုအချိန်
ဟေသာ တွေးမိတာက မေမေ မနေ့ညကပြောတဲ့ လူဘုန်းသန့်က ဟေသာပေါင်းသင့်တဲ့လူဆိုတာဟုတ်ရဲ့လား ... ဟေသာတွေ့ရ သလောက် လူဘုန်းသန့်က ထွဋ်ပြည့်လျှံတို့ထက်အတော်လေးအဆင်ပြေတဲ့သူပါ။

" ဘာတွေစားနေကြတာလဲ၊ကန်တင်းမသွားဘူးလား "

" ကန်တင်းမှာလူတွေရှုပ်ရှက်ခက်‌နေလို့ဒီမှာ ထမင်းလာစားနေတာလေ ... နင်ရော"

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now