Unicode
စာသင်ခန်းထဲပြန်ဝင်လာခဲ့တဲ့ဟေသာ့ မျက် နှာလေးကပြုံးနေယုံသာမက ... မျက်ဝန်းလေးတွေကပါအစပြုံးနေတာမို့ လူဘုန်းသန့်သူကိုယ်တိုင်ပါသဘောတကျပြုံးမိလိုက်တာဖြစ်သည်။ မျက်လုံးလေးတွေကအစပြုံးနေတာ ... ဘာတွေပျော်လာလဲမသိ။
" တေးဟေသာထွန်း "
ခုံမှာဝင်ထိုင်ဖို့လုပ်နေတဲ့ ဟေသာ၊ဟိန်းသရဲ့ခေါ်သံကြောင့် လှည့်ကြည့်မိလိုက်တာဖြစ် သည်။ ဟေသာ့ကိုမသိမသာလေးကြည့် နေတဲ့ လူဘုန်းသန့်ကလည်းဘေးကဟိန်းသကိုကြည့်မိလိုက်တာဖြစ်သည်။
" နင့် ကြယ်ကအပြာမလား "
" အင်း ... ဟုတယ်လေ၊ ငါ့ကြယ်ကအပြာ "
နားမလည်သေးတဲ့ လူဘုန်းသန့်ကဒီအတိုင်းရှိနေပေမယ့်၊ ခုနကမှ အပြာနဲ့အစိမ်းသွားလဲလိုက်တဲ့ မယ်ရီက ဟိန်းသလက်ထဲက ကြယ်အပြာကြောင့်လန့်သွားတာဖြစ်သည်။
" ဟိန်းသ ... နင်ကအခုနက ကြယ်အစိမ်းမဟုတ်ဘူးလား "
" မဟုတ်ဘူး။ လဲလိုက်တာလုလုနဲ့ ငါကအစိမ်းမကြိုက်လို့ "
" ဟွန့် "
မယ်ရီက သူ့ကိုယ်သူမျက်စောင်းလေးတစ်ချက်ထိုးလိုက်ကာစိတ်ပျက်သွားဟန်ဖြင့်ဖြစ်နေသည်။ ဒီဆိုးလာခဲ့တဲ့နှုတ်ခမ်းနီကိုတောင် ချက်ချင်း ပြန်ဖျက်ပစ်ချင်စိတ်တွေပေါက် သွားတာဖြစ်သည်။
" မဟုတ်ပါဘူး ... ငါမင်းကိုလဲမယ်ပြောလို့လား ... ငါကနဂိုထဲကအပြာမလား၊ မင်းအစိမ်းကိုမင်းဘာသာယူထား စိမ်းစိမ်းကားကားတွေဖြစ်အောင်လို့ အစိမ်းတွေလာပေးနေတယ် ဒီကောင်တော့ "
လုလု့စကားကြောင့် မျက်ဝန်းတွေပြန်လည်ဝင်းလဲ့သွားတဲ့ မယ်ရီကဟေသာ့အားမျက်ခုံးတွေပင့်ပြလို့၊ ပျော်သွားတာတောင်မဖုံးဖိနိုင်တော့တာဖြစ်သည်။
" လုလုကအချိန်ကိုက်ဘဲ "
" သူမပြောလည်း ငါပြန်လဲပေးမှာပေါ့နင့်
ကို "" ငါကိုကကံကောင်းတာပါ၊ ရေစက်ပေါ့ဟာ ငါတို့နှစ်ယောက်ရဲ့ရေစက်ကိုကလှနေတာနေမှာ "
ပျော်ရွှင်နေတဲ့ မယ်ရီ့အပြုံးက ချိုချိုရဲရဲ သကြားလုံးလေးတွေထက် ပိုချိုမြတယ်ဆိုတာမြင်သာလှတာဖြစ်သည်။
YOU ARE READING
ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲ
Romanceကြက်ဥရော ဘဲဥရော ကြိုက်ပေမယ့် ... အကာနဲ့အနှစ်တော့ ခွဲစားဖြစ်တယ်တဲ့ ။