အပိုင်း (၆)

5K 260 13
                                    

Unicode

ညကအိပ်ရာထဲစာဖတ်လိုက်မိတာ နည်းနည်းလေးညဉ့်နက်သွားသည်မို့၊မနက်ရောက်တော့ ဟေသာတစ်ယောက် အိပ်ချင်မပြေသေးဖြစ်ပေမယ့် ... ကျောင်းသို့ရောက် လာခဲ့ရသည်။ ကျူရှင်ကကျောင်းသူတစ်ယောက် ညွှန်းပေးလိုက်တဲ့ webtoon ကကောင်းတယ်ဆိုလို့ on going အပြီးထိလိုက်ဖတ်လိုက်မိတာကို ဟေသာ အခုမှနောင်တရတော့သည်။

ဇာတ်လမ်းက အတော်လေးကောင်းတာမို့
စဖတ်ပြီးတာနဲ့ ရပ်လိုက်ဖို့ကအတော်ခက်ခဲတာဖြစ်သည်။ BUS ကားပေါ်မှာထဲကရရင်ရသလို၊ မှီပြီးအိပ်လာခဲ့တာခုတော့ အတန်း ချိန်တောင်မစရသေးဘူး၊အိပ်ချင်ပြေအောင် ကန်တင်းမှာ ကော်ဖီ ဆင်းလာဝယ်နေရပြီဖြစ်သည်။

အိပ်ချင်လွန်းနေတာမို့ လက်နှစ်ဖက်နဲ့မျက်စိတို့ကိုအိပ်ချင်ပြေအောင် ဖိလိုက်ပွတ်ကာ ... ပါးစပ်ကလည်းအားရပါးရသန်းနေတာဖြစ် သည်။ ကိုယ့်ကိုယ်ကို တော်တော်လေးရုပ်ပျက်၊ဆင်းပျက်နိုင်သည်လို့ ‌တွေးမိလိုက်သည်။

ထို့နောက် ဟေသာက ကော်ဖီဝယ်ဖို့ရာ၊ကန်တင်းအတွင်းဘက်သို့ လျှောက်လာတာဖြစ်ပြီး ... သွားနေတုန်းမှာပင် လျှပ်တပြတ်တွေ့လိုက်သည်က ကန်တင်းထဲကိုဝင်လာနေတဲ့ကျောင်းသားတွေဖြစ်သည်။ ဒါထွဋ်ပြည့်လျှံ တို့အဖွဲ့ဖြစ်သည် ... nepo အဖွဲ့အုပ်စုလိုက်ကြီးလျှောက်လာပုံက အတော်လေးမိမိုက်လှတာ‌တော့ဝန်ခံပါသည်။ ဟေသာတို့ကျောင်းက ကျောင်းသားတွေကိုရုပ်ရည်နဲ့ပတ်သတ်ရင်‌တော့ ဟေသာ ထောက်ခံချက်ပေးပါ သည်။

သူတို့လာ‌သည်နဲ့ ... ထိုအနားတစ်ဝိုက်မှာရို့ရို့ဖြစ်သွားသည်မို့ ဟေသာ ပါသူ့အလိုလိုအနောက်ဘက်သို့ရောက်သွားရသည်။

ဟေသာတို့များ လူတွေကြားထဲနာမည်ကြီးချက် တစ်ယောက်ယောက်ကများ ... တစ်ချက်လောက်လေးတောင်မကြည့်သွားပေ။

ဟေသာ တောင်မရောက်သေးခင်ထိုကန်တင်းရဲ့ကော်ဖီဆိုင်နားမှာ လူတွေအုံနေတာဖြစ်သည်။ အရင်နေ့တွေဆို လူတိုးပြီးဝယ်လိုက်နိုင်ပေမယ့်၊ ဒီနေ့တော့ စိတ်သွားတိုင်းကိုယ်မပါ ... လူမတိုးချင်ပေ။ ဒါကြောင့်ဒီလူအုပ်ကို ခဏလေးတော့ စောင့်နေဖို့ဖြစ်လာသည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now