အပိုင်း (၁၃)

4.6K 245 15
                                    

Unicode

အိမ်ပြန်ရာလမ်းတစ်လျှောက်၊ ဟေသာလက် ထဲက အအေးဘူးကိုတောင်ဆက်မသောက်နိုင်ဘဲအပူတွေများသလိုခံစားရသည်။ရာသီ ဥတုကြောင့်များလား ... ဒါမှမဟုတ် ခုနကကိစ္စကြောင့်များလား ဟေသာ မဝေခွဲ‌တတ်တော့ပေ။

" ဟေသာ ... မှတ်တိုင်ရောက်ပြီ လာခဲ့လေ၊ကြောင်တောင်တောင်နဲ့ "

ထူးပြည့်ဝပြောမှ သတိထားမိတော့ဆင်းရမယ့် မှတ်တိုင်တောင်ရောက်ပြီဖြစ်သည်။ ထူးပြည့်ဝက ဆိုင်ဝင်အုန်းမှာဖြစ်တာကြောင့်
ဟေသာကအိမ်တန်းပြန်မှာဖြစ်သည်။မကုန် သေးတဲ့ စတော်ဘယ်ရီကိုခပ်မြန်မြန်သောက်ရင်း၊ ဟေသာအပင်ရိပ်တို့အောက်ဘက် လမ်းမဘေးလေးမှလမ်းကပ်လျှောက်နေခြင်းဖြစ်သည်။

ဖြည်းညှင်းစွာလမ်းလျှောက်နေရင်းမှ ဖြတ်တိုက်သွားတဲ့လေအေးလေးတွေက ဟေသာ့ဆီကို တိုးဝှေ့လို့အေးခနဲပင်ခံစားရသည်။ ဒီနေ့တော့ ... ချည်ဂါဝန်လေးဝတ်လာခဲ့တာသူ ရွေးချယ်မှုမှန်သွားတဲ့ပုံပင်။

" ဟေသာ ... ဟေသာ "

ခေါ်သံကြားလိုက်တာကြောင့် ကြည့်မိလိုက်တော့ လူဘုန်းသန့်ဖြစ်သည်။

" ကျူရှင်ကပြန်လာတာလား၊ ဟိုကောင်ထူးပြည့်ဝရော "

" ကျူရှင်ကပြန်လာတာ၊ သူကဆိုင်မှာခဏကျန်ခဲ့တယ် ... နင်ရောဘယ်ကပြန်လာတာလည်း "

ဘေးနားရောက်လာတဲ့လူဘုန်းသန့်ကိုမေးမိသည်၊နေ့ခင်းကြောင်တောင်ကြီး ဘာထွက်လုပ်တာလဲ ... training ကမနက်ပိုင်းဘဲရှိတာကို။

" ငါလား ... တစ်ယောက်တည်းထမင်းမစား ချင်လို့ ... ဟိန်းသနဲ့နေ့လည်စာသွားစား
တာ "

လူဘုန်းသန့် ... ဟိုဘက်ကလမ်းကူးလာထဲက လမ်းမကြီးဘေးမှာတစ်ယောက်တည်းတိုးတိတိုးတိနဲ့ လမ်းလျှောက်လာနေတဲ့
ဟေသာ့ကိုလှမ်းတွေ့လိုက်ခြင်း ဖြစ်သည်။

အပြာနုရောင်ဂါဝန်က ချည်ထားတဲ့ဆံပင်တွေနဲ့အတူ ယိမ်းနွဲ့နွဲ့အနေအထားလေးတစ်ခုနဲ့ဖြစ်သည်။

" အင်း ... နင် ထူးပြည့်ဝဆီမသွားတော့ဘူး
လား "

" မသွားတော့ဘူး ... နေ့တိုင်းတွေ့နေရတာ
ကိုကွာ၊ ကျောင်းပိတ်ရင်တောင် ဒီကောင့်မျက်နှာကြီးဘဲထိုင်တွေ့နေရမယ်ဆိုရင်တော့ ငါ့ကိုလည်းအနားပေးပါအုန်း "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now