အပိုင်း (၃၃)

12.4K 377 116
                                    

Unicode

လက်ထဲက pen ကို ဟေသာစာအုပ်ပေါ်ထောက်လိုက်လို့၊ ဝေါဟာရတစ်လုံးကို အောက်ကနေမှမျဉ်းအကြိမ်ကြိမ်တား‌နေမိလိုက်သည်။

စာကြောင်းထဲကမှ ထို mesmerizing ဆိုတဲ့ word လေးကိုကြည့်ရင်း ဟေသာပြုံးမိလိုက်သည်။ ထိုစကားလုံးလေး နဲ့အတူ ဟေသာ့မျက်ဝန်းအိမ်ထဲ အကြိမ်ကြိမ် မြင်ယောင်လာတာက ဒီရက်တွေထဲ ဟေသာ့အနား အမြဲလိုလိုရောက်ရောက်လာတတ်တဲ့ တစ်ယောက်သောသူကိုဖြစ်သည်။
အမြဲရောက်လာတဲ့ သူ့ကြောင့် ဟေသာ သူ့ကိုအနောက်တောင်လှည့်ပြီး ခိုးမကြည့်ရဲပေ။ အတန်းထဲက မိန်းကလေးတွေက၊ မယ်ရီလောက်မသာ‌ တောင်၊ မယ်ရီ့လောက်မညံ့ပေ ... သူတို့ရဲ့အနံ့ခံနိုင်ရည်စွမ်းက မြင့်မားလှပါသည်။ တစ်ခုခုဆိုတာနဲ့ တန်းပြီး အဓိပ္ပါယ်ဖော်တတ်တဲ့လူက ခပ်များများရယ်ပါ။

တဖန်စာသင်ခုံပေါ် ... ဟေသာ့လက်ဘေးရှိနေတဲ့ စတော်ဘယ်ရီအသွင် ခဲဖျက်လေးကိုကြည့်မိလိုက်တော့ လူဘုန်းသန့် သူမနေ့ကပင်၊ ဟေသာနဲ့ဆင်တူဖြစ်အောင်ဆိုပြီး ဟေသာ့ခဲဖျက်နဲ့ပုံစံတူ စတော်ဘယ်ရီခဲဖျက်ကို သူသွားဝယ်ထားတယ်ဆိုတဲ့ စကားသံက ဟေသာ့နားထဲပြန်လည်ကြားယောင် လာခဲ့သည်။

ဒါတောင် ခဲဖျက်ဆိုင်ကကျောင်းရှေ့တွင်မို့၊ သူ့ဘာသာပြေးဝယ်ဖို့ရာအတော်ဖြစ်သွားတဲ့ပုံပင်။

အခုဆို ဘာမဟုတ်တဲ့ ခဲဖျက်‌လေးတစ်တုံးအတွက်နဲ့ သူ့အကြောင်းက ဟေသာ့ အတွေးထဲပြန့်ကျဲနေ ပြန် သည်။ အနောက်ဆုံးတန်းက သူလည်း စာရှင်းနေတဲ့ teacher ရဲ့အသံလွင်လွင်ကြားထဲ ဟေသာ့လိုဘဲ အာရုံတို့လွင့်နေမလား။

ထို့နောက်တံတောင်ဆစ်ကိုတို့ထိလာတဲ့ မယ်ရီ့ရဲ့မချိုမချဉ် အပြုံးတစ်ခုနဲ့အတူ ... ဖတ်စာအုပ်ပေါ်ရေးဆွဲလာတဲ့ ခဲတံခြစ်ရာတို့။

" အရင်ကနဲ့မတူတော့ဘူးနော်၊ မျက်လုံးက teacher ကိုတောင် မကြည့်တော့၊ဟိုကနင့်ကိုလှမ်းကြည့်နေပြီ "

ပုံနှိပ်စာအုပ်ပေါ်ရေးချလာတဲ့ မယ်ရီ့စာကိုဖတ်မိလိုက်ပြီးမှ ဟေသာ့ ပခုံးလေးကို ပြန်မတ်လိုက်မိ သည်၊ ထို့နောက် မျက်ဝန်း‌တို့ကိုပါ အတန်းရှေ့သို့အာရုံစိုက်ထားဖို့ ပြန်လည်သတိကပ်စေလိုက်သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now