အပိုင်း (၁၈)

3.7K 230 8
                                    


Unicode

ဟေသာတစ်ယောက်ကျောင်းမတတ်ဖြစ်တဲ့ဒီမနက်ခင်း ... အိပ်ရာထဲက မထသေးဘဲ
ကုတင်ပေါ်မှာလှဲနေခြင်းဖြစ်သည်။
ကုတင်ပေါ်မှာခြေကားယား၊လက်ကားယား လှဲလို့ပြတင်းပေါက်ကကျဆင်းနေတဲ့ မိုးရေစက်တို့ကိုငေးမောကြည့်နေမိသည်။ အုံ့မှိုင်းမှိုင်းနဲ့ရာသီဥတု၊ ကြည်လင်ပြတ်သားခြင်း
မရှိတဲ့ ဒီအခြေနေရပ်ဝန်းတစ်ခုဖြစ်နေပေမယ့်လည်း ဟေသာ့အတွက်တော့စိတ်ကြည် နူးကာ သဘောကျစရာကောင်းနေခဲ့တာဖြစ်သည်။

ဟေသာမရှိတဲ့ ဒီနေ့တော့ထူးပြည့်ဝနဲ့မယ်ရီတော့ပျင်းနေတော့မှာဘဲ၊ စဉ်းစားမိတော့ မှ လူဘုန်းသန့်အကြောင်းအတွေးထဲဝင်လာခဲ့သည်။ ကုတင်ဘေးကခုံပေါ်မှာတင်ထားမိတဲ့ ဖောက်ထားပြီးသားဖြစ်တဲ့ plaster ဘူးလေး‌တွေ့မိတော့ နှုတ်ခမ်းဖျားထောင့်လေးကနွေးကနဲ ပြုံးတတ်သွားတာဖြစ်သည်။
လူဘုန်းသန့်က ဒီလိုဆိုတော့လည်း သူငယ် ချင်းတွေကို ဂရုစိုက်တတ်တာဖြစ်သည်။

ဟေသာ ဘေးဘက်ကဖုန်းလေးကိုယူ၍ ကြည့်လိုက်တော့၊မမျှော်လင့်မိထားတဲ့ လူဘုန်းသန့်ဆီက message တွေ။

ဟေသာ လက်ညိုး‌ထိပ်လေးက screen ပေါ်က noti လေးကိုထိနှိပ်လိုက်တော့ ...

* ဟေသာ အိပ်ပျော်သွားပြီလား ... အင်းအိပ်နေလောက်ပြီပေါ့ ...

လူဘုန်းသန့်ဆီက အိပ်နေလောက်ပြီပေါ့ဆိုတဲ့ စာလေးမြင်မှ သူပို့ထားတဲ့အချိန်လေးကိုပြန်ကြည့်မိတော့ 11 နာရီတဲ့၊ ဟုတ်ပါရဲ့ထိုအချိန်က ဟေသာ ‌အိပ်ပျော်နေပြီဖြစ်သည်။ ထို့နောက်သူ့စာလေးကို ဆက်ဖတ်ဖို့လုပ်တော့ ... လူဘုန်းသန့်က ဒီအချိန်ကြီး
ဟေသာ့ဆီကိုပို့တာတဲ့လား။

နင်ဘယ်လိုနေသေးလဲ သက်သာလား၊သက်သာသွားမှာပါ၊မသက်သာဘူးဆိုရင်မနက်ဖြန်ကို ဆေးခန်းသွားဖြစ်အောင်သွားနော်၊ သက်သာလည်း သေချာသွားအောင်သွားလိုက်။ ကျောင်းကိုတော့ နင်မနက်ဖြန်တစ်ရက်လောက်ဖြစ်ဖြစ်ကို နားဖြစ်အောင်နားနော် ... ငါပြိုင်ပွဲမပြီးခင်ထိကိုဖုန်းသုံးဖြစ်မှာမဟုတ်ဘူးဆိုတော့ နင်သေချာဂရုစိုက်နော်၊ နေကောင်းအောင်‌လည်းနေ၊ငါ နည်းနည်းစာရှည်သွားလားမသိဘူး စာရှည်သွားလဲ ဖတ်ရတာနင်လေ ငါမှမဟုတ်တာ စတာ ... စတာ နင်ပြုံးတော့ပြုံးသွားတယ်မလား၊ မပြုံးလည်း ပြုံးလိုက်နော် ငါအခုတော့ ဖုန်းသိမ်းရတော့မှာမို့ Bye Bye ဟေသာ *

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now