အပိုင်း (၂၅)

5.2K 299 39
                                    


Unicode

" မေမေ "

" ဘာလဲ "

" မေမေ ... မေမေရေလို့ "

ကျောင်းကပြန်လာပြီး၊အခန်းထဲကနေရှက်ပြာရှက်ပြာနဲ့ပြန်ထွက်လာတဲ့ဟေသာ၊လူကသာအိမ်အပေါ်ထပ်မှာဘဲရှိသေးတာအသံကတော့တစ်အိမ်လုံးပြန့်နေပြီဖြစ်သည်။
အရင်နေ့တွေဆို ညနေခင်းပိုင်းတွေဆို နားအေးလို့၊ အခုဝောာ့ တစ်ရက်လေးကျူရှင်မတတ်ရတာ အိမ်မှာ သူ့အလုပ်တွေချည်းဘဲ၊ ကျောင်းကိုဘဲပြန်လွှတ်လိုက်ချင်သည်။

" ဟယ် ... ဒီကောင်မလေး ဘာဖြစ်နေတာလဲ၊ ထူးနေတာကို ဇွတ်ဘဲခေါ်နေတာတစ်မေတည်းကိုမေနေတာ "

" မေ့ ... "

" ဘာလဲလို့ "

" ဟိုးနေ့ကျူရှင်ကအပြန်မိုးရွာတဲ့နေ့ကလေ
သမီးနဲ့ပါလာတဲ့အင်္ကျီလေးတွေ့မိသေးလား "

" အင်း ... သိတယ်လေ၊အဲ့တာ ထူးပြည့်ဝ
အင်္ကျီမလား "

" ဟာ ... မဟုတ်ပါဘူးထူးပြည့်ဝဟာ၊မေမေကလည်းသွားပေးလိုက်တာလား ထူးပြည့်ဝကို ... သမီးကိုမေးလည်းမမေးဘူး "

" မပေးပါဘူးအေ၊ ဟိုမှာလျှော်ပြီးမီးပူပါ တိုက်ပေးထားတာ နင်ယူလာတာနင့်ဘာသာသွားပေးပေါ့၊ ငါက‌နင့်အိမ်ဖော်လား လိုက်ပေးပေးရမှာ၊တစ်မိသားစုလုံးစားဖို့သောက်ဖို့လုပ်ပေး သန့်ရှင်းရေးလုပ် တစ်အိမ်လုံးရဲ့အလုပ်တွေကို ဒိုင်ခံထိုင်‌လုပ်ပေးနေတာကိုတောင် ငါကဒါတွေပါလိုက်လုပ်ရမှာလား "

" မေမေကလည်းဒါလေးပြောတာကို "

" ဒါလေးလည်းဆိုပြီးလာမပြောနဲ့ငါ့ကို၊ နင်နဲ့ငါညီအမ မဟုတ်ဘူး ငါ ... နင့်အမေ "

" သိပါတယ် မေမေရဲ့ "

"‌ ပြောရင်တော့ သိပါတယ် ... ဟုတ်ကဲ့ပါ၊‌နောက်မလုပ်တော့ပါဘူး ပြီးရင်ကျထင်ရာစိုင်း "

ဖေဖေတောင်မနိုင်တဲ့ မေမေရဲ့စကားပြောရည်ကို ဟေသာက စကားရည် လုနိုင်စရာတစ်ကွက်မှမရှိပါ။ လေယူလေသိမ်းမှာ
ဒေါသသံ တွေရှိနေတာကိုသိလိုက်တာမို့
ခြေသံတောင်သိပ်မကျယ်ရဲတော့ပေ။အထင် မှားလား ... မမှားလား ဖြေရှင်းချက်လည်းမပေးရဲဘဲ ပြီးရင်မှားမှားမှန်မှန်နာမည်ဆိုးတပ်ခံရတာကိုယ်ဘဲမို့ အခုချိန်တိတ်တိတ်လေးနေတာကသာအဖြေမှန်ဖြစ်သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now