အပိုင်း (၈)

4.7K 264 5
                                    

Unicode

ရုပ်ရှင်ရုံထဲ မနည်းနှိုးလိုက်ရတဲ့ လူဘုန်းသန့်က သူတစ်‌ရေးနိုးနိုးလာခြင်း ဗိုက်ဆာတယ်လို့ဆိုလာပြန်တာမို့ ... ဟေသာတို့ အိမ်
မပြန်ခင် ဆိုင်ဝင်စားဖို့ဖြစ်လာခဲ့သည်။ သူ ည‌နေကပြောထားခဲ့တဲ့အတိုင်း ဟေသာ့ကို လိုက်လာရင် ညစာဝယ်ကျွေးဖို့ရာလည်းရှိသေးသည်ဖြစ်သည်။

" ဘာစားမလဲ "

လူဘုန်းသန့်က ပထမတစ်ခါခံတွင်း၊တွေ့ပြီးခဲ့ထဲက အစားအသောက်နဲ့ပတ်သတ်ရင် တေးဟေသာထွန်းကို ယုံစားလိုက်ပုံပင်။

" ဒုတိယထပ်မှာ ဆူရှီဆိုင်ရှိတယ်၊ အဲ့ဆူရှီဆိုင်ကောင်းတယ် "

ဟေသာက အစားအသောက်နဲ့ပတ်သတ်ရင်အမြဲ ‌ရှေ့ရောက်သည်မို့ အခုလည်း လူဘုန်းသန့် ခံတွင်း‌တွေ့လောက်ပြီး၊ စားလို့ကောင်းမယ့် ဆိုင်တစ်ဆိုင်ကို ရွေးပေးလိုက်ခြင်းဖြစ် သည်။

" ဒါဆိုလည်း သွားမယ်လေ "

ထူးပြည့်ဝက အကြောင်းသိနေသူမို့ဟေသာ့ကိုယုံကြည်နိုင်ပေမယ့်၊ ဒုတိယခေါက်သာ
ဖြစ်သေးပေမယ့် လူဘုန်းသန့်ကလည်းသူ့
ကိုအထွန့်မတတ်ခဲ့ပေ။

ဟေသာတို့သုံးယောက် ဒုတိယထပ်သို့ပြန်ဆင်းလာခိုက် ... ရှေ့ကနေမျက်နှာချင်းဆိုင်
အနေအထားမှ လမ်း‌လျှောက်လာနေတဲ့ ဂန္ဓဝင်နဲ့အတူ ကျောင်းကကျောင်းသူအချို့နဲ့ထိပ်တိုက် တွေ့လာခြင်းဖြစ်သည်။ ဂန္ဓဝင်ကိုလှမ်းတွေ့သည်နဲ့ မျက်နှာရိပ်၊မျက်နှာကဲပြောင်းသွားတဲ့ လူဘုန်းသန့်က ထူးပြည့်ဝ နားသို့ခပ်တွန့်တွန့်ပင်တိုးလာခဲ့သည်။

" ပြသာနာတော့တွေ့ပြီ "

လူဘုန်းသန့်က ဟေသာတို့ရှိရာဘက်ဆီ၊မျက်စိပျက်၊မျက်နှာပျက်နဲ့ မျက်စပစ်ပြလို့ပြောလာသည်။

အခြားတစ်ဖက်နဲ့မတူစွာ ... ကံကောင်းစွာဖြင့် လူဘုန်းသန့်ကိုတွေ့လိုက်ရတဲ့ ဂန္ဓဝင့်မျက်ဝန်းလေးတွေကတော့ အတော်လေး တောက်ပသွားတာကို အပြင်လူဖြစ်တဲ့
ဟေသာပါ သတိထားမိလိုက်သည်။ ပြုံးရိပ်သန်းနေတဲ့ဂန္ဓဝင်က အလျင်အမြန်ပင်
လူဘုန်းသန့် ရှိရာဆီသို့ပြေး၍လာခဲ့သည်။

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now