အပိုင်း (၂၈)

6.2K 378 75
                                    

Unicode

ဖန်ခွက်ထဲ ရေထည့်လို့ တစ်ခွက်လုံးကိုအဝသောက်လိုက်ပြီးနောက် ဟေသာ ငြိမ်ငြိမ်လေးပြန်ထိုင်နေဖြစ်သည်။ဘေးက မယ်ရီကတော့ အခြားမိန်းကလေးတွေနဲ့ နှုတ်ခမ်းနီ review လုပ်နေပေမယ့် ဟေသာ‌ကတော့ နားသာထောင်နေမိသည်။

" ဟေသာ ... ထူးပြည့်ဝတို့ရော သူတို့အတန်းကအစီစဉ်ရှိတယ်တဲ့မလား "

" အင်း ... အသံ‌တော့ကြားတယ် "

ဟေသာအဖြက ကဂျိုးကဂျောင်နဲ့ ... သူတို့အခန်းထဲကလူ‌တွေက ဟေသာ့ရဲ့ဒီလိုအဖြေ‌တွေနဲ့ နေသားကျသ လောက်ရှိနေပြီ။

" အသံတော့ ကြားတယ်တဲ့လား ... ဒီကလေးကတော့ "

ဆိုင်ရောက်လာထဲက အခုမှ ပထမဆုံးပြုံးတဲ့ထိုအပြုံးလေးကို လူဘုန်းသန့် မျက်လုံးထောင့်လေးကနေ ခိုးကြည့်မိတဲ့အခိုက်အတန့် ဟေသာ ကတကယ်လေးမြတ်နိုးစရာကောင်းသည်။

တစ်ဖန် သူ့ဇွန်းတွေသာမက၊ ဝိုင်းက သူများဇွန်းတွေကိုပါ သူ့အကျင့်အတိုင်း သုတ်ပေးနေပြန်ပြီ ... သူကိုယ်တာအတွက် ဒီအကျင့်လေးကချစ်စရာကောင်းပေမယ့်၊ အခြားသူ‌အတွက် လုပ်ပေးတာမျိုး သူသဘောမကျပေ။

" လူကသာ နယ်ခြားတာ ... မျက်နှာမှာရေးထားတာတွေကမြင်နေရတယ် "

" နေမှမနေနိုင်တာ ... "

" ဟိုကဘာလုပ်လည်းလိုက်ကြည့်ပြီး ... ဒီကကောင်ကမျက်နှာအမူအယာပါတွေ လိုက်‌ပြောင်း၊ ဟုတ်နေတာဘဲ "

" ဒီလိုကြည့်နေချင်လို့လည်း လိုက်လာတာ မဟုတ်ရင် club ကိုဘဲဒိုးမှာ "

" မင်းတော့ ဒီရက်တွေထဲ လက်ရည်တတ်လာတော့မှာဘဲ ... ဟိုနေ့ကလည်း ဟိုကောင် ထွဋ်ပြည့်လျှံနဲ့စကား ပြောနေတာတွေ့ပြီး ကျောင်းခန်းမမှာ ဘတ်တံသွားရိုက်လိုက်တာ ကြက်တောင် ‌ပါစုတ်ပြတ်သတ်သွားတယ်ဆို၊မင်း‌တော့ နွားသိုးကြိုးပျက်ပြီး ‌ရွှံ့ထဲပါလူးနေရပြီ "

" မင်း ... ပါးစပ်ပိတ်ထားပြီး၊မင်းဘာသာမင်းဘဲအာရုံ စိုက်စမ်းပါ "

" အဲ့တာဆိုရင် ... ညဘက်ကြီး အိပ်မပျော်လို့ဆိုပြီး ငိုသံကြီးနဲ့ ဖုန်းလာမခေါ်နဲ့ "

ဒီတိုင်းလေးနေရင်းမှ ... ချစ်မိသွားတာဘဲWhere stories live. Discover now