zg 3

27 5 0
                                    

အတ္တတစ်ခုရဲ့အမှား EP 3

ထယ် စိတ်ပေါ့ပါး လန်းဆန်စွာနဲ့ အိမ်ကို ပြန်လာခဲ့ပြီး တိတ်ဆိတ်နေသော အိမ်လေကြောင့် ဘယ်သူမှ မရောက်သေးဖူးလားတွေးကာ တံခါးနားရပ်ပြီး သေချာအောင်နားစွံနေမိသည်

""ထယ်ယောင်း ဖွင့်လေတံခါး ဘာလုပ်နေတာလဲ""

အနောက်က အမသံကြောင့် ထယ်လန့်သွားခဲ့ပြီး

""အော် အင်းပါ ဟိုအဖေ ရောက်နေပြီးလားလို့ပါ""

အင်ယောင်း မောင်ဖြစ်သူကို ကြင်နာသနားစွာ ကြည့်လိုက်မိပြီး ငယ်စဉ်ကတည်းကရင် ဘယ်လောက်တောင်ကြောက်စိတ်ဝင်နေလို့ ကိုယ့်အိမ်တံခါးတောင် ကိုယ်မဖွင့်ရဲတာလည် တွေးမိကာ သနားနေမိခဲ့သည်

အင်ယောင်း ထယ်ကိုဘေးတွန်းပြီးတံခါးဖွင့် ဝင်လိုက်သည်
ထယ်လည် အမနောက်မြန်မြန်ဝင်ပြီး တံခါးပိတ်လိုက်သည်

""ညနေစာ စားပြီးပြီးလား""

""အင်း ကျောင်းမှာစားလာတယ်""

""အဆင်ပြေလား ""

""အင်း""

မိသားစု စကားဝိုင်လေးကဒီလောက်နဲ့ပဲ တိတ်တဆိတ်ဖြစ်သွားပြီး ထယ် ကျောင်းအိကျီတွေ သေချာချွတ်ပြီ ရေတွင်းမှာ ပြောင်းနေအောင်လျှောလိုက်ပြီး ညမမှောင်ခင် စာကြည့်ဖို့ လိုတာမို့ လုပ်စရာရှိတာ မြန်မြန်သွက်သွက်လုပ်ပြီး အိမ်ခေါင်ရင်မှာရှိတဲ့အပင်အောက် စာကျတ်နေခဲ့သည်

စာကျတ်ရင် ဂျီမင်း ပေးထားသော ဘောပန်လေးကို တယုတယ ထုတ်ကြည့်ပြီး စိတ်ချမ်းသာနေမိခဲ့သည်

သူလည် ပိုင်ဆိုင်ခြင်းသည် ဂျီမင်းလို အရာအားလုံးလှလှလေးတွေ သူငယ်ချင်းတွေ အကုန်လုံး ထယ်ပိုင်ဆိုင်ခြင်းသည်

မလှပတဲ့ သူ့ဘဝကြောင့်သာ အကုန်လုံးကို ထယ်ကျောခိုင်ထားရာမှ ဂျီမင်းဆိုတဲ့ သူကြောင့် ပတ်ဝန်ကျင်မှာ ထယ်လိုခြင်းသည့်အရာတွေ ပေါများလာခဲ့သည်

ထယ် ခေါင်ခါလိုက်ပြီး ရုပ်ဝတ္ထုတွေထက်လက်ရှိစာကအရေးကြီးတယ်မို့ ဘောပန်လေ ပြန်သိမ်းလိုက်ပြီး စာကိုအာရုံစိုက်ထားလိုက်သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now