အတ္တတစ်ခုရဲ့ အမှား EP 2

1.2K 100 5
                                    

အတ္တတစ်ခုရဲ့ အမှား EP 2

နေ့လည် ပိုင်း စာသင်ပြီးချိန်မှာတော့ အတန်းတစ်ခုလုံးနဲ့ ဂျီမင်းအဖွဲ့ကျသွားကာ ရယ်မောသံများနဲ့ စည်းကားနေခဲ့ပြီး လူတကာ နူတ်ဖျားမှာ ဂျီမင်း ဂျီမင်း နဲ့ခေါ်ကာ ဝိုင်းဖွဲ့ပြီး စကားလုပြောနေကြသည် တစ်မင်းထဲမင်းနေကြသူတွေကို ထယ် အမြင်ကပ်ကပ်နဲ့ လှမ်းကြည့်လိုက်မိသည်

ဆံနွယ်ဝဲဝဲလေးက လှုပ်ခါရယ်မောနေတိုင်း လှပနေပြီး မျက်လုံးလေးများ ပိတ်ကျအောင်ရယ်နေသူက တော်တော်လေးတော့ ချစ်စရာကောင်းနေပြန်သည် လက်ဖဝါးသေးသေးလေတွေကလည် သူ့ရဲ့နူတ်ခမ်းဖူးဖူးလေကို ကာထားကာ အချိုးကျစွာ စကားပြောနေပုံက မြင်သူတကာကို ငေးမောနိုင်အောင်ဆွဲဆောင်နိုင်လွန်ခဲ့သည်

စာသင်ချိန် မဟုတ်လို့ ချွတ်ထားသောကုတ်အိကျီမပါတဲ့ ခန္ဓာကိုယ်က အဖြူရောင်ကျောင်းဝတ်စုံလေးပေါ် ထင်းထွက်နေခဲ့ပြီး အနက်ရောင် ခါးပတ်ပတ်ထာသော ကောက်ကြောင်းလေးက ခန္ဓာကိုယ်အလှကို အားဖြည့်ပေးထားသလို စတိုင်ပင် အနက်ရောင်လေက တင်လုံးလုံးလေကို အချိုးကျစွာ ပံပိုးထားနေခဲ့သည်

ထယ် ဘေးတိုက်မြင်နေရသော ဂျီးမင်းကိုကြည့်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသာပဲဟု မနာလိုစွာ တွေးလိုက်မိသည်

အားးးငါဘာလို့ စိတ်ဝင်စားနေတာလဲ အဓိပ္ပာယ်မရှိ လိုက်တာ ထယ်တွေးရင် စာအုပ်ကို အာရုံပြန်စိုက်လိုက်ပေမယ် သူ့အသံချိုချိုလေးက နားထဲမှာရစ်ဝဲနေဆဲ ကြားနေရတဲ့အသံချိုချိုလေးကြောင့် သူတောင်မသိပဲပြုံးမိသွားခဲ့သည်လည် ရှိခဲ့မိတယ်

တစ်ခန်းလုံး ဂျီမင်း ဖြစ်နေတဲ့သူတွေကိုလည် ကြာတော့ ကြည့်မရတော့ ထယ်ကြားရတာ စိတ်ပျတ်လာပြီး

အလကား ပိုက်ဆံရှိလို့ ဖားနေတဲ့ဟာတွေ ထယ် တွေးလိုက်ပြီး စာလည်ဆက်ဖတ်မရတော့ စာအုပ်တွေသိမ်းပြီး သချာ်စာအုပ်ကို ယူပြီး library ရှိရာသို့ ထွက်ခွာလာခဲ့သည်

ဂျီမင်း ထွက်သွားသူကိုကြည့်လိုက်ပြီး

🐥""သူက တစ်မျိုးပဲနော် ""

""တစ်မျိုး မဟုတ်ဖူးဂျီမင်းရေ သူကစာတော်တယ်ဆိုပီ ဘဝင်လေဟပ်နေတာ အလကားပါဟာ""

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now