Zg 5

25 4 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 5

အထက်တန်း နှောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ဖြစ်နေပေမယ့် မိဘတွေက ကလေးလေတစ်ယောက်လိုမျိုး ချစ်ခင်ကြင်နာစွာ စကားတွေပြောပြီး အမေဖြစ်သူကို မှီပြီး စကားပြန်ပြောနေတဲ့ ဂျီမင်းတို့မိသားစုကို ကြည့်ပြီး အားလည် အားကျသလို နာကျင်နေမိသည်

သူတို့ မိသားစုကို ငေးငေးလေးနဲ့ ဆွေးဆွေးမြေ့မြေ့လေး ကြည့်ကာ မျက်ရယ်တို့ ရစ်ဝိုင်းနေသူကြောင့် ဂျီမင်း ဖေဖေ ထယ်ကိုသတိတရ ကြည့်လိုက်ပြီး

""သားက ကင်ထယ်ယောင်းနော် သားလေပြောပြထားလို့ရင်နှီးနေပါတယ် သားကစာလည်တော်သလို ချောလည်ချောတယ်တဲ့ အခုမြင်ရမှပဲ တကယ်ချောတာပဲ""

ဂျီမင်းဖေဖေစကားကြောင့် ထယ်ရှက်သွားပြီး

""ဟုတ် ကျေးဇူးပါဗျ""

""သား မိဘတွေက ဘာလုပ်လဲ ဘယ်မှာနေတာလဲ""

ဂျီမင်းမေမေ စကားကြောင့် ထယ်မျက်နာကွက်ခနဲ ပျတ်သွားပြီး အဖေက ဒရဝမ်း အမေက လမ်းဘေးမှာဈေးရောင်းပါတယ်လို့ ထယ်ဘယ်လိုမှ ပြောမထွက်နိုင်ဖြစ်ပြီး အဆိုးဆုံးက ဆင်းရဲသားရပ်ကွက်ရဲ့အစွန်းဆုံး ပြောရင်တောင်သိမည့်ပုံမပေါ်သော ဂျီမင်းအသိုင်းအဝိုင်ကြောင့် ထယ်ဘာပြောရမှန်မသိပဲ တန်ဖိုးကြီး အမွေပွကောဇောကို အဓိပ္ပာယ်မရှိ ကြည့်နေပြီ ခေါင်တစ်ခုလုံးက ဘာပြောရင် အကောင်းဆုံးဖြစ်မလဲ တွေးကြည့်နေမိခဲ့သည်

""သား ကပြောရခက်လို့လား အန်တီက မေးကြည့်ရုံပါ""

ဒေါ်ပန်းရုံ စကားကြောင့် ထယ်ခေါင်ရမ်းလိုက်ပြီး

""မဟုတ်ပါဖူး အန်တီ ကျနော မိဘတွေက ငယ်စဉ်ကတည်းကဆုံးသွားပါပြီး အမနဲ နေပါတယ် အမကစက်ရုံမှာ လုပ်ပါတယ်ဗျ ကျနော်လဲ အဲ့စက်ရုံမှာနေပါတယ်""

""အော် sorry ပါကွယ် အန်တီမေးခွန်းအတွက် အာနာလိုက်တာသားရယ်""

ဒေါ်ပန်းရုံ ခုံပြောင်းလာပြီး ထယ်ဘေးနာထိုင်ပြီး ထယ်လက်လေကို ကိုင်ကာ နှစ်သိမ့်ပေးသလို အာနာစကားဆိုနေမိခဲ့သည်

သူ့ရဲ့လက်ကို ကြင်နာနွေးထွေစွာ ကိုင်ပြီးစကားဆိုလာသူကို ကြည့်ပြီး ထယ် မျက်ရည်တို့ဝဲကာ မိဘတွေကို စိတ်ထဲကနေတောင်ပန်လိုက်သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now