Zg 23

40 4 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 23

Shoot ဖိနပ်အဖြူရောင်လေးတစ်စုံက အဖြူရောင်ကျောက်ပြား လှေကားလေးပေါ် ပေါ့ပါးသွက်လတ်သော ခြေလှမ်းတို့က နောက်ကျနေတဲ စာသင်ခန်းရှိရာ ပြေးလာခဲ့မိသည်

ခန္ဓာကိုယ် လှုပ်ရှားမူ့လေးအတိုင်း ဆံနွယ်တွေက ဝေ့ဝိုက်စွာ လေးထဲလွှင့်နေကာ ဂျူတီကုတ် အဖြူရောင်လေးကလည် လေထဲလွှင့်နေခဲ့သည် နာရီလက်တံတို့က 9 နာရီအတိအကျညွှန်းနေပြီးမို့ ဆရာမလာခင် အတန်းထဲ အရင်ရောက်ဖို့ လိုကာ အလျှင်လိုနေမိခြင်းကြောင့် ပတ်ဝန်ကျင်ကို ဂရုမစိုက်နိုင်ခဲ့ပါ

""မဂ်လာပါ""

နူတ်ဆက်သံနဲ့အတူ အခန်းဝရောက်လာသော ပုံရိပ်ကြောင့် နူတ်ဆက်နေသော ကျောင်းသား ကျောင်းသူများနဲ့ ဆရာလှည့်ကြည့်လာပြီး ခေါင်တစ်ချက်ညိမ့်ပြီး သူနေရာ ဝင်ထိုင်ဖို့ ခွင့်ပြုလိုက်တဲ့ ဆရာကြောင့် ခေါင်လေးငုံ ဝင်လာခဲ့ကာ စာသင်နေခဲ့သည်

စာတစ်ခုထဲမှာပဲ အားရုံအားလုံးနစ်ဝင်နေကာ ပိရိသေသပ်သော နူတ်ခမ်းလေးတစ်စုံက လှုပ်ရှားသွားတိုင်း အေးချမ်းနေသော မျက်နာပိုင်ရှင်လေးက အထက်တန်းကျောင်းမှာကတည်းက အကျင့်မပျောက်စွာ စာနားထောင်နေရင်း ဘောပန်လေးကို လှည့်ပြီး ဆော့နေတတ်ပြန်ကာ ခေါင်လေးငုံစာရေးလိုက် နာထောင်လိုက် တစ်ချက်တစ်ချက် ဘေးက သူငယ်ချင်းလေးကို လေလှည့်ပေါကာ မျက်ဝန်လေးတွေ ပိတ်ကျနေအောင် ခိုးရယ်နေတတ်တဲ့ သူကိုကြည့်ပြီး ရင်ထဲမှာ နာကျင်နေတဲ့ အခိုက်အတန့်လေး အဖြစ်ရင်ဖတ်တနေရာမှာ နေရာယူထားဆဲဆိုတာ သိလိုက်ရသည်

မျက်ဝန်အိမ်ရှည်ရှည်လေးက ရင်နှီးနှစ်လိုဖွယ်ဖြစ်ကာ ပြုံးရယ်တတ်တဲ့ အမြဲတမ်း Angel လေးဖြစ်နေတတ်တဲ့သူကို ကြည့်ပြီး အသဲပုံနူတ်ခမ်းကွေးလေးက သဘောကျစွာ ပြုံးနေမယ်ဆိုတာ သူ့ကိုယ်သူအသိဆုံးမို့ နောက်တစ်ခါပြန်ကြည့်ပြီး ပြန်လာခဲ့လိုက်သည်

ကော်ရစ်ဒါကနေ စူးစိုက်ကြည့်နေသော ငွေမှင်ရောင် ဆံနွယ်တို့ကို လျှာထိုးဦးထုတ်ဆောင်ပြီး ဖုံးကွယ်ထားကာ Mask တပ်ထားသော မျက်နာကြောင့် ဟိုဆော့ ကြည့်ရင်း ဆေးကတော့ မဟုတ်လောက်ဖူး ဘယ်ကကောင်လဲ တွေးမိကာ စာ လိုက်ရေးနေသူကို တို့ထိလိုက်သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now