အတ္တတစ်ခုရဲ့ အမှား Extra

745 60 7
                                    

အတ္တတစ်ခုရဲ့အမှား Extra

တနေကုန် ဘယ်လောက်ပဲ အလုပ်များများ  သူ့အိမ်ပြန်ချိန်တွေကတော့ အချိန်မှန်ဆဲ သားနဲ့ဂျီလေး ကသူ့ဘဝ သူ့အနာဂတ် မို့ ဘာတွေဘယ်လောက်ပဲ အရေးကြီးနေပါစေ သူ့အလုပ်ဆင်းချိန်က အချိန်မှန်ဆဲမို့ နာရီတွေကြည့်နေစရာမလိုလောက်အောင်ထိ တိကျနေခဲ့သည်

ဂျောင်းကု သူ့ရုံးခန်းကနေထွက်လာပြီး တံခါးပေါက်ဆီရောက်လာချိန် ကားလေးလည် ရောက်လာပြီးမို့ တစ်ဆက်ထဲ မောင်းထွက်လာခဲ့သည်

ဂျောင်းကု ကားလေးခြံထဲဝင်လာချိန် သားကိုပွေ့ပြီး ကြိုနေသူလေကြောင့် တနေကုန် ပင်ပန်းထားတာတွေ ယူပစ်သလို ပျောက်ကွယ်သွားခဲ့သည်

🐥""ဒယ်ဒီ ပြန်လာပြီး""

🐰""သား စားပြီးပြီးလား""

🐥""ကိုကြီးသား အစားပုပ်လေး ခနက နို့ဗူးတိုက်ထားတာကို နို့ရှာနေသေးတယ် သိလား""

🐰""ဟုတ်လား လာပါဦး အစားပုတ်လေးလား ဟုတ်လား ""

ဂျောင်းကု လက်လှမ်းလိုက်ပေမယ့် ဂျီ ကသားကိုမပေးပဲ မျက်စောင်းထိုးကြည့်ခြင်းခံလိုက်ရသည်

🐥""ကိုကြီးနော် သားကငယ်သေးတယ် အပြင်ကပြန်လာတာကိုပဲ ""

🐰""ဟားးးဟားးးဟုတ်ပါပြီဗျာ ခနစောင့် ဒယ်ဒီအမြန်ဆုံးလုပ်လာမယ်""

ဂျောင်းကု အပေါ်က ခပ်သွက်သွက်တတ်သွားပြီး ရေချိုးသန့်စင်ပြီ အဝတ်အစား လဲပြီးမှ သားဆီပြန်လာခဲ့လိုက်သည်

ဂျီလေ ရင်ခွင်ကနေ သူ့ဆီလက်ကမ်းနေတဲ့ကလေးငယ်ငယ်လေးကို လှမ်းယူပွေ့ချီလိုက်သည်

🐰""အံမယ် ဒယ်ဒီလာတော့ ပျော်နေတာပေါ့ ဟုတ်လား ""

သားက သူ့ကိုပြောတာသိသလို ပါးချိုင့်ကြီးတွေခွက်ဝင်နေအောင် ရယ်ပြနေခဲ့သည်

ခစ်ခစ်

🐰""အားးးပူတူးးးတူးးးတု""

ကိုကြီးရဲ့ လက်ကြားထဲမှာ ခြေကာယာလက်ကာယားနဲ့ ပျော်နေတဲ့သားကိုကြည့်ပြီး ဂျီရယ်နေမိခဲ့သည်

သားက သုံးလကျော် လေးလဆိုပေမယ့် အရမ်းလည်ပါတယ် သူ့ကို စရင်လည် သိသလို အလိုမကျရင်လည် အားဗြဲကြီးနဲ့ငိုတတ်ပါတယ်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now