အတ္တတစ်ခုရဲ့ အမှား EP 33

1K 88 12
                                    

အတ္တတစ်ခုရဲ့ အမှား EP 33

ကလင် ကလင်

စားပွဲပေါ်က နိုးစက်သံက ဆူညံစွာ ထွက်ပေါ်လာခဲ့သည်မို့ ဂျောင်းကု အိပ်မှုံစုံမွှာဖြင့် နာရီ ထကြည့်လိုက်ပြီ ကလေးကိုကြိုရမယ် အသိနဲ့ ထထိုင်လိုက်မိသည်

အိမ်အပြင်မှာ နှင်းတွေပိတ်နေဆဲ နှင်းတွေကို အရမ်းချစ်တဲ့ ဂျီလေးက ဆောင်းမနက်ခင်းတွေဆို နှင်းတောထဲလမ်းလျှောက်ရတာ ပျော်နေတတ်သလို ညဦးပိုင်းနှင်းကျရင်လည် အရမ်းပျော်တတ်ပြီး နှင်းတွေကိုအရမ်းချစ်တတ်တဲ့ ကောင်လေးတစ်ယောက် ဖြစ်၏။ လိုက်ပါတယ် သူ့ဘဝလေးလည် ဆောင်းရာသီးလေးလို အမြဲအေးအေးချမ်းချမ်းလေး ဖြတ်သန်းတတ်သည်

ဂျောင်းကု နှင်းတွေကိုကြည့်ပြီး ရေချိုးခန်းဝင်ကာ ကိုယ်လက်သန့်စင်ပြီး အားကစားဝတ်စုံလေး ဝတ်ပြီး အပေါ်ထပ်ကဆင်းလာခဲ့လိုက်သည်

""ဟဲ့ သားစောစောစီးစီး နှင်းတောင်မကွဲသေးဖူး""

🐰""ဟုတ် မေမေ ဂျီလေသွားကြိုမလို့ပါ ""

""အမလေ ဝိရိယတွေကောင်းနေတာ ဟုတ်ပါပြီး လမ်းလည်ဂရုစိုက်ဦး ""

🐰""ဟုတ်""

ဂျောင်းကု မေမေပါးလေးနမ်းပြီး ထွက်လာခဲ့လိုက်ကာ နှင်းကာ ဦးထုတ်လေးဆောင်ပြီး နှင်းတောထဲ တိုးဝင်ပြေးလာခဲ့လိုက်သည်

လှပလွန်တဲ့နှင်းမှုန်းတွေကြား ဆေးရုံအထိ အပြေးလေးလှမ်းနေမိခဲ့ကာ ခန္ဓာကိုယ်လှုပ်ရှားမှု့တို့ကြောင့် ခနအကြာမှာ ပူနွေးလာပြီး အအေးဒဏ်ကိုမခံစားရပဲ နွေးထွေးလာကာ ဖြေးဖြေးသက်သာ မှန်မှန်ပြေးနေခဲ့ကာ လမ်းတွေ တစ်လမ်းပြီးတစ်လမ်းဖြတ်ကျော်လာခဲ့သည်

ခပ်ဝေးဝေးမှာ ဆေးရုံအဆောက်အဦး အဖြူရောင်လေးကို တွေ့ရပြီးမို့ အားတတ်သရော ပြေးသွားခဲ့ပေမယ့် ဆရာဝန်များသာရပ်ရန် ဆိုတဲ့ ကားပါကင်မှာ မတွေ့တဲ့ ကားကြောင့် ဂျောင်းကု မျက်မှောင် တို့ကျုံသွားကာ ကားကောဆိုပြီး ပတ်ရှာနေမိခဲ့သည်

Night Duty ကဆရာဝန်ဦးရေနည်းသည်မို့ ရပ်ထားသော ကားအရေအတွက်က နည်းပါးနေခဲ့သည်မို့ အထွေးအထူးရှာစရာမလိုပဲ ဂျီလေးကားမရှိခြင်းက ထူးဆန်းနေခဲ့သည်။အိမ်လည် ပြန်မရောက်သေးပါ သေချာအောင်စစ်ပြီးမှ သူထွက်လာခဲ့ခြင်းဖြစ်သည် ။လမ်းလွဲသွားတာလား တွေးရင် ခြေလှမ်းတို့က ဆေးရုံ reception ဆီလှမ်းလာနေမိသည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now