Zg 6

21 3 0
                                    

အတ္တတစ်ခုရဲ့အမှား EP 6

အိမ်အပေါ်ထပ်ကနေ မျက်နာမသာမယာနဲ့ ဆင်းလာသူကြောင့် ဦးအောင် သတင်းစာ ဖတ်နေရာက မျက်မှန်ကို ကျော်ကြည့်လိုက်ပြီး အနားလာထိုင်သော ဇနီးဖြစ်သူကို ကြည့်လိုက်ကာ သတင်းစာတို့ကို စုကိုင်လိုက်ပြီး စာကြည့် မျက်မှန်လေကိုချွတ်လိုက်သည်

""ဘာဖြစ်လာတာလဲ ပန်းလေ""

""သား သူငယ်ချင်းက သားအဝတ်တွေ ယူဝတ်ထားတယ် ပီတော့ ဟိုတလောကမှ ရှင် ဝယ်ပေး ထားတဲ့နာရီလေးလည် ပတ်ထားတယ် မြင်ရတာ တစ်မျိုးပဲ""

""ပန်းကလည် မင်းသားအကြောင်း သိရဲ့သာနဲ့ကွာ အဲ့ဒါတွေအရေးမကြီးပါဖူး ရုပ်ဝတ္ထုပစ္စည်းတွေ ပန်းမကြိုက်ရင် သားကိုပြန်မဝတ်ခိုင်းနဲ့ပေါ့ အပီပေးလိုက်ပေါ့ကွာ ကုသိုလ်တောင်ရသေး""

""အမလေ သားအဖ တွေတကယ်ပါပဲ အင်းပါ အပီပေးခိုင်းလိုက်ပါ့မယ် မကြိုက်ပါဖူး သူများဝတ်ပီသားကို""

""ယောက်ကျား လေတွေက မိန်ကလေလိုမျိုး ကရိကထမများဖူးကွ ယောက်ကျားလေးမှာ စည်းသိပ်မရှိဖူး""

""အင်းပါ""

""ထားလိုက်ပါကွာ မင်းသားအဆင်ပြေရင်ပီတာပဲ အဓိက ကသားအဆင်ပြေဖို့ပဲ ဟုတ်ပီလား""

ဒေါ်ပန်းရုံ အဆင်မပြေနေပေမယ့် သား သူငယ်ချင်းပဲမို့ လစ်လျူရှု့လိုက်ဖို့ စဉ်းစားလိုက်ကာ စကားတို့မဆက်တော့ပဲ နေလိုက်သည်

ထယ် အခန်းတံခါး ပြန်ပိတ်ပြီး မင်းသားလေးတစ်ပါးလို ပြင်ဆင်ထားတဲ့ ဂျီမင်းအခန်းထဲက မွေ့ယာပေါ်လှဲရင်း စိတ်ကူတွေ တစ်လှေကြီးယဉ်နေမိခဲ့ကာ သူ့အပိုင်သာဆို ဘယ်လိုတွေ လုပ်မယ်ကအစတွေးနေခဲ့သည်

ဂျီမင်း ဆံပင်တွေသုတ်ရင်း ကုတင်ပေါ်မှာ ကလေးတစ်ယောက်လို လူလိမ့်နေကာ ဆော့နေသူကြောင့် ရယ်လိုက်ပြီး

""ဘာတွေ သဘောကျနေတာလည်""

ဂျီမင်း အသံကြောင့် ရှက်သွားကာ ထထိုင်လိုက်ကာ ရယ်လိုက်ပြီး

""ဟင် အားးဘာမှမဟုတ်ဖူး အော မင်းအမေ စာကြည့်ခန်းထဲ မုန့်ထားခဲ့တယ်တဲ့""

""အင်း လာ ခနဆရာလာတော့မှာ သွားစားကြရအောင်""

အခန်းထဲ အတူထွက်လာပြီး အခန်းတံခါးပိတ်နေတဲ့ ဂျီမင်းကို ကြည့်ပီ မေးလိုက်သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now