အတ္တတစ်ခုရဲ့ အမှား EP 22

1.1K 104 12
                                    

အတ္တတစ်ခုရဲ့ အမှား EP 22

ပါးလျှသောနူတ်ခမ်းပါးတစ်စုံက တည်ငြိမ်နေသလို မျက်လုံးဝိုင်းဝိုင်းလေးတွေရဲ့ စူးရဲနေတဲ့ အကြည့်က ကန်တင်းတစ်ခုလုံး အေးစိမ့်မူ့တွေလွှမ်းခြုံနေသည် ဇွန်း သံ ခရင်းသံ တို့တောင် ကြားရရဲ့လားထင်ရအောင် ခြောက်သွေ့နေကာ လူအများရဲ့ မျက်ဝန်းက ကျောင်းကို အနက်ရောင် suit အပြည့်ဝတ်ဆင်ထားကာ gentleman ဆန်သော တည်တံနေတဲ့ မျက်နာမှာ  ခမ်းနားထည်ဝါမူ့အပြည့်နေရာယူထားသည့် အိဒ္ဒြာသိက္ခာအပြည့် ရှိနေခဲ့သလို တစ်လှမ်းခြင်းဝင်ရောက်လာသော ခြေလှမ်းတွေက ပျာယာခပ်ခြင်းအလျှင်မရှိသလို တိကျနေသော ခြေလှမ်းတွေက ရည်ရွယ်ရာ စားပွဲတစ်ခုဆီကိုသာ တန်းတန်းမက်မက် လျှောက်လမ်းနေခြင်းကြောင့်  လူတွေက စပ်စုသလို ကြည့်နေခဲ့ကြသည်

Gentleman ဆန်နေတဲ့ လူကြီးတစ်ယောက်ရဲ့ မျက်ဝန်းတွေက ဘယ်အရာကိုမျှ လိုက်ကြည့်မနေပဲ အနီရောင်ရဲရဲ စပို့ရှပ်လေးကို ‌ဂျင်းဘောင်းဘီအကျပ်ထဲ ထည့်ဝတ်ထားသော ဖြူဖြူသွယ်သွယ် လျှလျှလေးနဲ့ ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်ဆီမှာသာ ရှိနေခဲ့ခြင်းကြောင့် ဘာအကြောင်းလဲ ဘယ်သူ့ဆီလည် ပြောစရာမလိုအောင် ပြီးပြည့်စုံနေခဲ့သည်

လည်သာ ဖိနပ် အနက်ရောင်လေးနဲ့အတူ သင်ပျံတဲ့ သစ်သီးရနံရေမွှေးကြောင့် မော့မကြည့်လည် ကိုကြီးဆိုတာ သိပြီးသားမို့ တုန်ယင်နေသော စိတ်တို့ကို ထိန်းချုပ်ရင်း ကောဖီခွက်ကို စားပွဲပေါ်ပြန်တင်လိုက်ကာ အကြည့်တို့ကို ကောဖီပိုက်လေးဆီ ပို့ထားလိုက်သည်

သူကလည် ထိုင်မယ်လို့ မပြောသလို ထိုင်နေသူကလည် ထိုင်ပါလို့ မပြောတဲ့အပြင် တစ်ချက်မော့မကြည့်ခဲ့ပါ

စားပွဲဘေး ရပ်နေသူကြောင့် ဟိုဆော့ ဘာလုပ်ရမှန်မသိကာ နှစ်ယောက်လုံးကို အကဲခပ်ပြီး ကြည့်နေခဲ့မိသည်

🐱""ဂျီမင်း ကျောင်းကအဆင်ပြေတယ်မလား""

ယွန်း ဂျောင်းကုနဲ့ ဂျီမင်းကို ကြည့်ပြီး ခေါင်တို့ ခါးရမ်းလိုက်ကာ ဂျောင်းကု ပုခုံပုတ်ကာ ခုံကိုဆွဲပြီ နှစ်ယောက်သာ အတူဝင်ထိုင်လိုက်ကြသည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now