Zg 9

26 4 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 9

ကြည်လင်နေတဲ့ ရာသီးဥတုက ပြာလွင်နေသော မိုးကောင်ကင်ကြီးအောက်မှာ သဘာဝတရားတို့ ဆေးခြယ်ထားသလို လှလွန်နေခဲ့သည်

အိမ်ကြီးရဲ့ အပေါ်ထပ် ဝရံတာကနေ ဆီးမြင်နေရသော စိမ်းလမ်းနေသော မြက်ခင်ပြင်အပေါ်က ဒါန်ဖြူဖြူလေးနဲ့အတူ ဒါန်ဘေးမှာ လှပစွာ နေရာယူထားသော ပန်းအိုးအကြီးအငယ်တို့က လှပဝေဆာစွာ ပွင်နေသော ရောင်စုံပန်းလေတွေ ရေတံခွန်အတုလေးက ရေတို့တသွင်းသွင်း စီးဆင်နေတာကို အပေါ် ဝရံတာကနေ ထယ်ငေးကြည့်နေမိကာ မကြာခင် ခွဲရတော့မယ့် ဒီမြင်ကွင်းလေးကို နှမျောမိနေခဲ့သည်

ဂျောင်းကု ရေစိုနေတဲ့ ဆံနွယ်တွေကို သုတ်ရင်း တစ်ဖတ်အိမ်ကို အကြည့်ရောက်သွားချိန် ရှပ်အဖြူရောင်လေး ဝတ်ဆင်ထားပြီး ဝရံတာဘောင်လေးကို လက်ထောက်ပြီး ငေးနေတဲ့ ထယ်ပုံရိပ်လေးက ပန်ချီကား တစ်ချပ် ရေဆွဲထားသလို လှပနေခဲ့ပြီး လက်က စင်ပေါ်မှာ တင်ထားသော ကင်မရာကိုယူလိုက်ပြီး သူ့စိတ်ကြိုက်ရူ့ထောင့်ကနေ ပုံမျိုးစုံ ရိုက်ယူထားလိုက်သည်

ထယ် ဒါန်လေးကို ငေးနေရာကနေ သူ့ကိုတစ်ယောက်ယောက် စိုက်ကြည့်နေသလို ခံစားလိုက်ရပြီး ပတ်ဝန်ကျင်ကို ရှာလိုက်ချိန် ပြတင်ပေါက်မှာ တစ်ခုခုကို ငုံပြီး ကြည့်နေသောလူကြီးကြောင့် လူကြီးလားတွေးနေမိခဲ့သည်

""ရှာလိုက်ရတာ အံမယ် ဝိရိယတွေရှိနေတာ အဝတ်တောင်လည်ပြီးပြီးပေါ့""

စကားသံနဲအတူ ပေါ်လာသော ဂျီမင်းကြောင့် ထယ်အတွေးတို့ ပျတ်သွားခဲ့သည်။ထယ် သူဆီလှမ်းလာသော ဂျီမင်း ကိုကြည့်ပြီ ပြန်ပြောလိုက်သည်

""အင်းပေါ့ မင်းတို့က ဘယ်အချိန်သွားမယ်လို့မှမပြောတာ""

""အဲ့ဒါ ကိုကြီးလေ ငါလည်မေးဖို့ မေ့သွားတာ ဟာ ကိုကြီးရှိတာပဲ""

ဂျီမင်း ထယ့်ကိုပြောရင်း ပြတင်ပေါက်က ဂျောင်းကုကိုမြင်သွားခဲ့ကာ လှမ်းခေါ်လိုက်သည်

""ကိုကြီးရေ ကိုကြီး ကို ကို""

ဂျောင်းကု ပုံတွေစစ်နေရာက ဂျီလေအသံကြားပြီးမော့ကြည့်လိုက်ကာ မေ့ပြီး ကင်မရာကိုင်ထားသောလက်နဲ့ ဝေ့ယမ်းပြလိုက်သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now