အတ္တတစ်ခုရဲ့ အမှား EP 19

1K 98 18
                                    

အတ္တတစ်ခုရဲ့ အမှား EP 19

ပင်လယ်ပြင်က ပြန်လာပြီး အရာအားလုံး တိတ်ဆိတ်နေခဲ့ကာ  တစ်ပတ်ကြာသည်အထိ အားလုံး တိတ်တဆိတ် ငြိမ်သက်နေကာ ‌ခြောက်သွေ့နေခဲ့သည်

ဂျောင်းကု အခုချိန်မှာ သူ့အပေါ် ကပ်တွယ်လွန်တဲ့ ကလေးလေကို သတိရနေမိခဲ့ပြီး အမြဲတမ်းရယ်မောအောင် စတတ်ပြီး ရစ်တတ်ကာ ပျော်ရွှင်းခြင်းနဲ့ရယ်မောခြင်းကို သယ်ဆောင်လာပေးတဲ့ ကလေးလေကို လွမ်းဆွတ်မိနေခဲ့၍ ပြတင်ပေါက်ကနေ ကြည့်နေပေမယ့် အရိပ်လေးတောင် မတွေ့မမြင်ရသူလေးဖြစ်ကာ ဝရံတာက ပန်းလေးတွေလည်ညိုငယ်နေသလို ဝရံတာ တံခါးလေးက လုံးဝဖွင့်မလာခဲ့ပါ ခန်းစီးစလေကလည် အမြဲတမ်းငြိမ်းသက်နေခဲ့သည်

ဂျီလေး အခန်းထဲကထွက်မပြေးခင် နောက်ဆုံး ကြည့်ခဲ့သော အကြည့်က စိတ်ပျတ်ရွံမုန်းသွားတဲ့ အကြည့် သည်အကြည့်ကို မခံစားနိုင်ခဲ့ခြင်းကို သူတစ်ယောက်ထဲသာ သိပါသည်

အဲ့ အကြည့်တစ်ချက်က သူ့ရင်းကို ပူလောင်နေခဲ့ကာ ထိုင်နေလို့ မရအောင် ဖြစ်နေခဲ့သည်။ဂျောင်းကု နေ့ရက်တိုင်းရှည်ကြာလွန်သည် ထင်ကာ သွားမေးလိုက်ခြင်းလဲ ဂျီလေးအတွက် အချိန်တစ်ခုပေးရမယ် ပြောလို့သာ သီးခံနေခဲ့ရတာ အရှင်လတ်လတ် ငရဲကျနေသလို ခံစားလိုက်ရသည်

တစ်ပတ်ကျော်ကြာလာသည်အထိ ငြိမ်သက်နေခဲ့ရခြင်းကို ဂျောင်းကု ကြားတော့ မနေနိုင် တော့ခြင်းကြောင့် ဂျောင်းကု ကားသော့ဆွဲပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်

အိမ်အောက်ထပ်ဆင်းဆင်းလာခြင်း ဧည့်ခန်းမှာ စာရင်းထိုင်လုပ်နေတဲ့ မေမေကို ကြည့်ပြီး နူတ်ဆက်လိုက်သည်

🐰""မေမေ သားအပြင်သွားလိုက်ဦးမယ်နော်""

""သား ဘယ်သွားမလို့လဲ ထမင်းလဲမစားရသေးဖူးနော် အခုတလော သားဘာဖြစ်နေတာလဲ အစားလဲမစား တမှိုင်းမှိုင်း တတွေတွေး သားကိုကြည့်ရတာ အားကိုမရဖူး မေမေကိုပြောပါဦး""

🐰""ဟုတ် သားအဆင်ပြေပါတယ်မေ သားသွားလိုက်ဦးမယ်""

""အေးအေး သွားသွား အော သားမသွားခင် သားဂျီဆီသွားလိုက်ဦးနော် သားဂျီ အခုတလောပျောက်နေတယ် မေမေသွားလည် မတွေ့ဖူး အိပ်နေတယ်ပဲဖြေနေတာ သားနော် ဂျီလေးကို စိတ်ဆိုးအောင်လုပ်ထားသေးလား အရင်ကအလိုမဟုတ်တဲ့ ကလေးလေက ထူးဆန်းနေလို့ပါ""

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now