အတ္တတစ်ခုရဲ့ အမှား EP 16

1K 93 26
                                    

အတ္တတစ်ခုရဲ့အမှား EP 16

ပြာလဲ့လဲ့မီးအိမ်အောက်မှာ ခြုံထားသော စောင်တို့ကို ကန်ချလိုက်ပြီး သန်းဝေပြီး မျက်လုံးတို့ကို ပွတ်သပ်ပြီ ထထိုင်လိုက်ကာ တိတ်ဆိတ်နေသော အခန်းနဲ့အတူ မွှေးပျံတဲ့ ဟင်းရနံကြောင့် ဗိုက်ဆာသံတို့က တဂွီဂွီမြည်လာခဲ့သည်

သူ့ရှေ့စားပွဲပေါ် တင်ထားသော စတီးဖုံးတို့အုပ်ထားသော ဟင်းပန်ကန်တွေကြောင့် ထယ်ယောင်း ဘယ်သွားလည်တွေးလိုက်ကာ  ဆာနေတဲ့ဗိုက်ကို ဖြည့်ပြီမှ ရှာဖို စဉ်းစားပြီး အခန်းမီးတို့ဖွင့်ပြီး သူ့အကြိုက်ပြင်ဆင်ထားသော ထမင်းဟင်းတို့ကို စားသောက်နေလိုက်သည်

စားနေရင်း နာရီ လှမ်းကြည့်လိုက်ချိန် နာရီလက်တံက တစ်နာရီခွဲကို ညွန်းဆိုနေခြင်းကြောင့် ဂျီ မျက်မှောင်တို့စုသွားခဲ့ကာ ညလားတွေးပြီး ထယ်ယောင်းက ညဖတ်ကြီး ဘယ်သွားနေတာလည် အတွေးနဲ့ စားလက်စတို့ လက်စသပ်ပြီး အပေါ်ထပ်အိကျီလေး ဝတ်ပြီးအခန်းထဲက ထွက်လာခဲ့လိုက်သည်

ထွက်လာပြီးမှ ဒီချိန် ပင်လယ်သွားရအောင်က အလုပ်မဟုတ်ခြင်းကြောင့် ဘယ်ရောက်သွားလဲတွေးကာ ကိုကြီးအခန်းရှေ့ တံခါးကို ခေါက်ရမလား အိပ်နေပြီးလားတွေးရင် လက်ကိုင်ဘုလေးကို လှည့်လိုက်တော့ ပွင့်သွားတဲ့ တံခါးကြောင့် ဂျီမင်းအထဲကို ဝင်လာခဲ့လိုက်သည်

အိပ်ယာပေါ်က မြင်းကွင်းက အိပ်ထားသောစိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီ လိပ်ပြာလွင့်မတတ် လန့်သွားခဲ့မိသည်

🐥""အားးးးးးးးးးကိုကြီး!!!! ထယ်ယောင်း ကင်ထယ်ယောင်း!!!! ဘာ!!!!! ဘာလုပ်တာလဲ""

🐻""ဟာ!!!!! ဂျီမင်း !!!!!ဂျီမင်း လူကြီး လူကြီးထ ထ""

ထယ်ယောင်းရဲ့ လှုပ်ခပ်ခြင်းကြောင့် မူးပြီထလိုက်ပေမယ့် သူ့ပုံစံ ထယ်ယောင်ပုံစံ ဂျီလေပုံစံတို့ကြောင့် လန့်ဖြန့်မိသွားခဲ့သည်

🐰""ဘာလဲ ဟာ ဒါ ဒါ မဟုတ်ဖူး မဟုတ်ဖူး ဂျီလေ""

🐥""ဘာ ဘာကိုမဟုတ်လဲ ဒီလောက်ရှင်းနေတာကို မဟုတ်ဖူး ဘာကိုမဟုတ်တာလဲ ကိုကြီး""

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now