Zg 32

23 3 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 32

     မနေ့က ခွင့်တင်လိုက်ပေမယ့် နောက်ကျမှ ခွင့်တိုင်လိုက်ရခြင်းမို့ တာဝန်ကျ ဆရာ၏ ဆူပူခြင်းကို ခံလိုက်ရသည်

     တာဝန်ခံ ရုံးခန်းထဲကထွက်လာသော ဆူပုပ်ပုပ်ကောင်လေးတစ်ယောက် ခေါင်ငိုက်စိုက်ချလျှောက်လာခြင်းကြောင့် ဟိုဆော့ round လှည့်ရာကနေ လှမ်းမြင်ပြီး

"" ဂျီမင်း ""

""အော်""

    ဂျီမင်း ခေါ်သံကြောင့် လှမ်းကြည့်လိုက်စဉ် အပြုံးချိုချိုလေးနဲ့ နွေးထွေးတတ်တဲ့သူငယ်ချင်းလေးကြောင့် ရယ်မိသွားခဲ့သည်

""ဘယ်လိုလဲ တော်တော်မှ အပွားခံခဲ့ရလား""

""ပြောကို မပြောခြင်းပါဖူး ရေလည်ပွားတာပဲ""

""မင်းကကော ဘာလို့ အချိန်ကပ်ပြီးမှခွင့်တင်ရတာလည် မနေ့ကဘယ်သွားလို့လဲ""

    ဟိုဆော့စကားကြောင့် ဂျီ ရင်တွေတုန်လန့်သွားခဲ့ပြီး မနေ့က ကိုကြီးကိုအလိုလိုက်မိပြီး ဆေးရုံမရောက်နိုင်တဲ့အဖြစ်မို့ ကိုယ်ဘာသာ ရှက်မိသွားကာ မျက်နာလည် ပူသွားခဲ့သည်

""ဟို မနေ့က ဘယ်မှမသွားပါဖူး အိပ်ယာထတာနောက်ကျလို့ ""

""နေမကောင်းဖူးလား""

    ဟိုဆော့ ပြောရင်း ဂျီမင်းပုခုံးကိုလှမ်းဖတ်ရင်း အကြည့်တို့က လည်ပင်ဆီရောက်သွားခဲ့ကာ ရယ်မိသွားခဲ့ကာ မသိသလို မေးလိုက်မိ၏

""ဂျီမင်း မင်းလည်ပင်က ဘာဖြစ်တာလဲ နီနီအကွင်းလေးတွေက ""

ဟိုဆော့စကားကြောင့် ဂျီမျက်နာလေးရဲသွားကာ မနေ့က ကိုကြီးရဲ့အနမ်းတွေက အခုထိထင်နေဆဲမို့ လည်ပိတ် ရှည်ရှည်လေး ဝတ်လာတာကို မြင်ဖြစ်အောင် မြင်သွားသူကြောင့် ဂျီ မျက်နာလေးရဲကာ ဘာဖြေရမှန်မသိ ဖြစ်သွားခဲ့သည်

""ဟမ်း ဟို....အလတ်ဂျိတ် ဖြစ်တာ. ""

""ဟုတ်လား မင်း အလတ်ဂျိတ်က ထူးဆန်းတယ်နော် မသိရင် တစ်ယောက်ယောက်က မင်းကို......""

""ရားးးး""

ဂျီမင်း ရှက်ရှက်နဲ့ ဟိုဆော့ပုခုံးတွေ ရိုက်ပစ်လိုက်ကာ မျက်နာလေ လက်နဲ့ကွယ်ပြီး ရယ်နေခဲ့သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now