The end

408 16 2
                                    

အတ္တတစ်ခုရဲ့ အမှား The End

မဂ်လာရက်မြက် ရောက်ခဲ့ပြီး လက်ထပ်ပွဲလေ ကျင်းပကြတော့မည်.........

မဂ်လာတေးသံလေးတွေက ခန်းမတလျှောက် ထွက်ပေါ်နေခဲ့ကာ လှပမူ့ အပေါင်းခညောင်းနေတဲ့ ပန်းရောင်းစုံတွေကြားမှာ လျှောက်လမ်းတလျှောက်လုံး ခရမ်းရောင် လာဗင်ဒါ ပန်းတို့နဲ့အတူ ကျူလစ် ခရမ်းရောင်လေ တွေကလည် ဦးညွှတ်ပြီး အောဘာပေးနေသလို ခံစားနေရသည်

လူတိုင်းရဲ့ မျက်နာမှာ အပြုံးပန်းလေတွေ ဝေဆာနေသလို လှပတောက်ပြောင်းနေခဲ့ကြ၏

စောင့်ဆိုင်ခန်းရဲ့ တစ်ခန်းစီမှာ ပြုံးနေတဲ့ လူနှစ်ယောက်ကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ရှိနေခဲ့ကြသည် သည်နေ့အခင်းအကျင်းက သူတို့ရဲ့ နေ့ကောင်းရက်မြက် မဂ်လာနေ့လေးမို့ ပျော်ရွှင်းနေခဲ့ကြသည်

""ချောလိုက်တာ သတို့သားလေးရယ် ဘာမှမလိမ်းချယ်ပဲတောင် အလောက်လှနေတာ ကျမသာဆို မျိုချမိမလားတောင်မသိဖူး""

ဂျီမင်း markup လာပြင်ပေးသူကို ရယ်ရင်းပြောလိုက်သည်

""ပါးပါးလေးပဲ လိမ်းနော် ""

""ဟုတ်ကဲ့ပါ Doctor လေးရယ် ပါးပါးလေးပဲလိမ်းမှာပါ Doctor အသာအရည်က ဒီလောက်လှတာ မိတ်ကပ်တွေက မီးထိုးတာကိုအကူအညီဖြစ်ရုံပါပဲ လင်းတို့ပြင်လာတဲ့ တလျှောက်မှာ ဒီလောက်လှတဲ့သူ မမြင်ဖူးဘူး""

""ခင်များတို့ သတို့သားတိုင်းကို ဒီလိုပဲပြောတာ မဟုတ်ဖူးလား ""

""အယ် တကယ်ပြောတာ ""

ဂျီမင်းစကားကြောင့် အခန်းထဲမှာ ရယ်သံလွှင့်လွှင့်တို့ လွှမ်းခြုံနေခဲ့သည်

မိတ်ကပ်ဆရာက ဂျီမင်းကို မိတ်ကပ်ပါးပါးလေး လိမ်ပြီး အနောက်တိုင်း suit အဖြူရောင်လေကို ဆင်မြန်းပေးခဲ့သည် သွယ်လျသော ခန္ဓာကိုယ်ပေါ်မှာ အဖြူရောင် suit လေးက နေရာ အပြည့်ယူထားပြီး လှပသော ကောက်ကြောင်းလေးတွေက ချပ်ချပ်ရပ်ရပ်လေးနဲ့ ကြည့်လို့ကောင်းနေခဲ့သည်

ကျူလစ်ပန်းခရမ်းရောင် တွေနဲ့အတူ ရောထိုးထားသော နှင်းဆီဖြူ လေးတွေကို စည်းနှောင်းထားသော ခရမ်းနုရောင် လက်ကိုင်ပန်းလေးကို ခနခနမွှေးကြည့်နေမိသည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now