Zg 20

29 5 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 20

အတွေးများစွာက ဥဏှောက်နဲ့ နှလုံးသားကို ဖောက်ဝင်လာခဲ့သည် ဂျီမင်းက သူအတွက် ဘာလဲတစ်ခါမှ မတွေးကြည့်ဖူးပါ တွေးကြည့်ဖို့လည် မစဉ်းခဲ့ခြင်းကြောင့် ဂျီလေအပေါ် ရင်ခုန်ခြင်း ချစ်ခြင်း ဘာတစ်ခုမှ သိမနေခဲ့ပါ

ဖေဖေ ဆုံးကားနီး သူဆယ်နှစ် ဂျီလေး ၅နှစ်အရွယ် ကလေးလေတစ်ယောက်ကို ဖေဖေက မိသားစုတွေ ပေါင်းစေချင်းတဲ့စိတ်တစ်ခုနဲ့ သူ့ကိုရွေးချယ်ပေးသွားခဲ့ခြင်းသာ ဖြစ်သည်

ကွယ်လွန်ခါနီး ဖေဖေကိုအားလုံးက ခေါင်ငြိမ့်အဖြေပေးပြီး ဖေဖေရဲ့လက်မှာ ဘာမှမသိပဲ သူတို့နှစ်ယောက်ရဲ့ လက်ကလေးတွေ ထပ်ကိုင်ခဲ့ကြပြီး အချိန်တန်အရွယ်ရောက်လာရင် ဂျီလေးကိုသာ လက်ထပ်ဖို့ အကြိမ်ကြိမ်မှာ ခဲ့ခြင်းကြောင့် ဖေဖေဆန္ဒနဲ့ သူတစ်ခြားတစ်ယောက်ကို တစ်ခါမျှမကြည့်ခဲ့ပါ

အချိန်တန်ရင် ဂျီလေးကိုလက်ထပ်ပြီး အေးအေးချမ်းချမ်းလေးဖြတ်သန်းသွားတဲ့ ဘဝတစ်ခု အဖြစ်သာ တွေးထားခဲ့ဖူးသည်

ဂျီလေးကို ချစ်တာ ဘယ်လိုချစ်လဲ ဘယ်လောက်ချစ်လဲ သူမသိပါ အရိုးသားဆုံး ဝန်ခံရရင် သူစိတ်ထဲ ဂျီလေးက သူ့ကလေး သူ့အိမ်ထောင်ဖတ်အဖြစ် တွေးထားရုံ မပိုခဲ့ဖူးခြင်းကြောင့် ယွန်းဂီရဲ့အပြောမှာ ဆွံအစွာ ရှိနေခဲ့သည်

ဂျောင်းကု ပုံစံကိုကြည့်ပြီး ယွန်းသက်ပြင်းရှည် ချလိုက် ပြီး

""မင်းကိုယ်မင်းလည် ကြည့်ဦး မင်းငါဒီလောက်ပဲ ပြောခြင်းတယ် ကိုယ်စိတ်ကို သေချာကြည့်ပါဦးကွာ ""

""ငါ မင်းဘာပြောခြင်းလဲ ငါသိတယ် ခက်တာက ငါကိုယ်ငါမသိဖူးဖြစ်နေတာ ငါဘာလုပ်ရမလဲ ငါ အခုရူးတောင်ရူးခြင်းတယ် မင်းသိလား""

""မရူးနဲ့ ထယ်ယောင်းကို ဘာလုပ်ထားလဲ""

""ထယ်ယောင်း လားငါကဘာလုပ်ရမှာလဲ""

""ဟ မင်းဘာလုပ်ရမှာလဲ သူ့ဆီသွားအကဲခပ်ဦးလေး မင်းပြန်လာပြီး တစ်ခါမှမသွားသေးဖူးလား""

""အင်း""

""ငတ်သေနေလို့ တစ်ပူပေါ်နှစ်ပူဆင့်မယ် သွားကြည့်ဦး အလကားနေ ရူပ်နေဦးမယ် ဖုန်းကော ဆက်မလာဖူးလား""

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now