အတ္တတစ်ခုရဲ့ အမှား EP 21

1.1K 103 34
                                    

အတ္တတစ်ခုရဲ့ အမှား EP 21

အတွေးများစွာက နေရာမကျစွာ အစီအစဉ်မရှိ ပေါ်လာကာ ယောက်ယက်ခတ်နေသော စိတ်တွေကြောင့် အိမ်ပြန်ခြင်းစိတ်လည် မရှိတာနဲ့ ယွန်းနဲ့နှစ်ယောက်သာ ဟန်မြစ်မှာ နံဘေးမှာ အတူထိုင်သောက်နေခဲ့ကြသည်

တိတ်တဆိတ်ငြိမ်သက်စွာ ရှိနေကြကာ နှစ်ယောက်လုံး ဟန်မြစ်ကသယ်ဆောင်လာသော လေနှ‌အေးတို့ကို ရှုရှိုက်ရင်း ယူလာသော ပုလင်းလေးတွေ လဲပြိုသံကအပ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေသက်နေခဲ့သည်

ယွန်းဂီက နဂိုစကားနည်းသူကြောင့် သောက်ပြီးရင် လုံးဝအေးစက်နေကာ သူ့အတွေး သူရေယာဉ်ထဲမျှောနေသလို ဂျောင်းကုလည် လေးလံထိုင်မှိုင်းနေသော စိတ်အစဉ်တို့နဲ့ ထိုင်သောက်နေခဲ့ကြသည်

အတန်ကြာမှ ယွန်းဂီဆီက စကားတစ်ချို့ထွက်ကြလာခဲ့သည်

🐱""မင်း ဂျီမင်းကိုချစ်လား""

🐰""ငါ အမှန်အတိုင်း ဝန်ခံရရင် ငါမသိဖူး ငါဘဝမှာ အချစ်လည်မလိုသလို ရင်ခုန်တာလည် မရှိခဲ့ဖူးဘူး ငါလှည့်ကြည့်တိုင်း ငါ့လက်ကိုဆွဲထားတဲ့ ဂျီလေရှိရင် ပြည့်စုံပြီး ထင်ခဲ့တာ ""

🐱""မင်း ဂျီမင်းနဲ့ပတ်သက်ပြီး ဘာမှမခံစားဘူးဖူးလား""

🐰""အင်း""

မျက်လုံးအိမ်သေးသေးလေးနဲ့ အကြည့်တွေကို ဂျောင်းကုရှောင်းလွဲလိုက်ပြီး မှောင်မည်းပြီး ခပ်ဝေးဝေးကမြင်နေရတဲ့ မြစ်ငယ်ထဲက လှေတွေကို အဓိပ္ပာယ်မရှိ ငေးနေမိခဲ့သည်

အတွေးထဲမှာတော့ ဂျီလေးကနေရာအပြည့်ယူထားပြန်သည် သူတို့ သိတတ်စကတည်းက သူထားသလိုနေတဲ့ ဂျီလေ သူပြောသမျှအနောက်ကလိုက်ပြီး သေချာလုပ်တတ်သလို  အကြီးအကျယ် စိတ်ကောက်တာ စိတ်ဆိုးတာ ဆိုးတာနွဲ့တာမရှိ ညီတစ်ယောက်က အကိုတစ်ယောက်က လေစားသလို စကားအားလုံးကို မြေဝယ်မကျ နာထောင်တတ်သည့်ကလေးမို့ အရာအားလုံးလွယ်လွယ်လေးပြီးဆုံးသွားမယ်ထင်ခဲ့ပေမယ့် ရုတ်တရက်ဝင်ရောက်လာသော မုန်းတိုင်ကြောင့် တစ်စစီးပြိုကွဲနေသလို ခံစားနေရသည်

🐱""ဂျောင်းကု ""

🐰""ဟင်""

🐱""မင်း ဒီအခွင့်အရေးကို အသုံးချကြည့်ပါလား မင်းအတွက် ဂျီလေးကဘာလဲဆိုပြီး ဆန်းစစ်ကြည့်ပါလား သူ့အတွက်လည်ကောင်းသလို မင်းအတွက်လည် ကောင်းတယ်""

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now