အတ္တတစ်ခုရဲ့ အမှား EP 35

1K 85 33
                                    

အတ္တတစ်ခုရဲ့ အမှား EP 35

ကုန်လွန်သွားတဲ့ ည အမှောင်ကွဲပြီး အလင်းတို့ ရောက်ရှိလာပေမယ့် နှင်းမှုန်းလေးတွေ တဖွဲဖွဲ ကျနေဆဲ ဖြူလွလွ နှင်းတွေက လှပစွာ ‌အဖြူရောင်ဆေးတို့ ချယ်ထားသလို လှပနေခဲ့သည်။ဂျီ ကောဖီခွက်လေးကိုင်ပြီး မှန်ပြတင်အပြင်က မြင်နေရတဲ့ မြင်ကွင်းလေးကို ငေးကြည့်နေမိခဲ့သည်

နာရီ လက်တန်းတို့ကရွှေလျှားနေဆဲ တစ်စုံတစ်ယောက်ကို မသိစိတ်တစ်ခုက မျှော်နေမိခဲ့သည် လာကြိုမလား စိတ်နဲ့ မျှော်နေမိခဲ့ပေမယ့် နှင်းမှုန်းလေးတွေကြား မည်သူမျှပေါ်မလာခဲ့ပါ

"Doctor Park မ off သေးဖူးလား ""

🐥""ဟုတ် ကျနော်လည် ဆင်းပြီး""

""ဘာလဲ လာကြိုသူကိုစောင့်နေတာလား အားကျတယ်ဗျာ ""

လုပ်ဖော်ကိုင်ဖတ် ဆရာဝန်အပြောလေးကြောင့် ဂျီမင်း ရယ်လိုက်မိကာ

🐥""မဟုတ်ပါဖူးဗျာ""

ဆရာဝန်‌ နူတ်ဆက်သွားသလို ဂျီမင်းလည် Duty Off မှာ လက်မှတ်ထိုးပြီး ထွက်လာခဲ့လိုက်သည် လေးလံသော ခြေလှမ်းတို့က နှင်းမှုန်တွေကြား လျှောက်လှမ်းလာခဲ့သည်

ကားတံခါး ဖွင့်ပြီးချိန်ထိ ပေါ်မလာသူကြောင့် ဂျီ သက်ပြင်ဖွဖွ ချလိုက်ကာ ကားစက်နိုးပြီး ထွက်လာခဲ့လိုက်သည်

Please don't change please please........

ဝင်လာသော ဖုန်းသံကြောင့် ဂျီမင်းဖုန်းဖွင့်လိုက်သည်

🐥""Hello ""

🐻""ဂျီမင်း မပြီးသေးဖူးလား ဘယ်အချိန်ပြီးမှာလည် ငါစောင့်နေတာ မင်းကို ငါလာကြိုရမလား""

ထယ်ရဲ့ အသံ‌ဩရှရှလေးနဲ့အတူ အဆက်မပျတ် ပြောလာတဲ့ စကားသံတွေကြောင့် ဂျီအာနာသွားမိခဲ့သည် တကယ်က သူမေ့နေခဲ့တဲ့ အကြောင်းအရာတစ်ခု

🐥""ဟင် အော် ထယ် လာမကြိုနဲ့ ငါပြန်နေပြီး""

🐻""ဟင် မင်းမလားဖူးလား ငါစောင့်နေတာ""

တိုးညင်းသော စကားသံမှာ အဖျားတို့ တုန်ဝင်နေခဲ့သည် ဂျီ ထယ်အသံကြားမှာ စိတ်မကောင်းဖြစ်သွားပြီး ကားလေးကို ပြန်ကွေ့ကာ ထယ်ရှိရာ ကွန်ဒိုဆီ မောင်းလာခဲ့လိုက်သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now