Zg 7

20 3 0
                                    

အတ္တတစ်ခုရဲ့အမှား EP 7

အနက်ရောင် ကားလေးက မြို့ထဲလမ်းလေးကို ကျွမ်းကျင်စွာ ပြေးသွားနေပေမယ့် ကားပေါ်က လူသုံးဦးကတော့ အတွေးကိုယ်စီ ငြိမ်သက်တိတ်ဆိတ်နေခဲ့ကြသည်

ဂျောင်းကု ကားမောင်းရင် ခါတိုင်းသူ့ဘေးခုံမှာ ထိုင်ပြီ ချစ်ဖို့ကောင်းစွာ ပေါက်ပေါက်ဖောက်နေတတ်တဲ့ ကောင်းကလေးက နောက်ခန်းထဲမှာ တိတ်တဆိတ်ထိုင်နေခြင်းကြောင့် နောက်ကြည့်မှန်ကနေ လှမ်းကြည့်လိုက်တိုင်း ခေါင်လေးငုံနေခြင်း လမ်းရဲ့ဘေးတို့ကို ကြည့်နေသူကြောင့် စိတ်မကောင်းဖြစ်မိသွားခဲ့ပြီး ဘေးကလူကဧည့်သည်မို့ သူလည် မတတ်နိုင်ပဲ စိတ်မကောင်းစွာ မောင်းလာခဲ့ရင်း လှမ်းကြည့်လိုက်ချိန် ဖြူဖြူစင်စင်မျက်နာလေးက အသဲပုံနူတ်ခမ်းလေးပေါ်အောင် ရယ်ပြလာသူကြောင့် ဂျောင်းကု ပြုံးပြလိုက်ပီ စကားတို့မဆိုမိပဲ ကားကိုပဲ အားရုံစိုက်မောင်းလာခဲ့သည်

ခြံဝန်ထဲ ဝင်လာတဲ့ ကားအနက်ရောင်လေကြောင့် ဒေါ်ခင်မမ ဒေါ်ပန်းရုံနဲ့အတူ ထိုင်စကားပြောနေရာက မြင်လိုက်ပြီး ဒေါ်ပန်းရုံကိုလက်တို့ပြီ ရယ်လိုက်ကြသည်

""မအေက shopping လေလိုက်ပို့ပါဆိုတော့ မအားဖူးတဲ့ ဂျီလေစာမေပွဲဖြေတာ ကြိုရဦးမယ်တဲ့လေ သားကတော့ ဂျီ ဂျီနဲ့နေတာပဲ""

""အတူတူပဲ မမခင်ရေ အထက်တန်းပီရင် လူကြီးဖြစ်ပီတဲ့ သူ့ကိုကြီးကို သူလူကြီးဖြစ်ကြောင်း ကြွားမလို့တဲ့လေ တကယ့်ကလေးလေးတွေ မမခင်ရေ ""

မအေ နှစ်ယောက် ရယ်လိုက်ပြီး ကားလေးဆီအကြည့်တို့ရောက်နေပြီး ပြုံးရွှင်းစွာ ရယ်နေမိခဲ့ကြသည်

ကားလေးက ပေါ်တီအောက် ရပ်သွားပြီး ဂျောင်းကု ကားပေါ်ကဆင်းပြီး အနောက်ခန်းတံခါးကို ဖွင့်ပေးလိုက်တော့ ဆင်းလာသောဂျီကြောင့်

""အိမ်က သားတော်မောင် သူ့ကိုကြီးကိုဘာကောက်နေပြန်ပီလဲမသိဖူး ထူးထူးဆန်းဆန်း အနောက်မှာစီးလို့ပါလား""

သူတို့ ကြည့်နေစဉ်မှာပဲ အရှေ့ခန်းက ဆင်းလာသော ထယ်ယောင်းကြောင့် ဒေါ်ခင်မမ မျက်နာပျတ်သွားပြီး

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now