Zg 25

32 6 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 25

လာသမျှ ဆရာတွေ ဒီကျူလစ်ပန်းတွေကိုပဲ ပြုံးစိစိနဲ့ ကြည့်နေခြင်းကြောင့် ဂျီမင်းစိတ်အနှောက်အယှက် ဖြစ်ကာ စာသင်တာ အာရုံတို့ကမရ အမှိုက်ပုံထဲလည် အထည့်မခံတဲ့ လူတွေကြောင့် ဂျီ စိတ်တိုတိုနဲ့ ဆူပုပ်နေခဲ့မိသည်

""ပတ်ဂျီမင်း နင်ဝတ်လာတဲ့ အဝါရောင်ရှပ်လေရယ် နင့်ဘေးနားက ခရမ်းရောင်ပန်းပုံကြီးနဲ့ နင်အရမ်းချစ်စရာကောင်းတာပဲသိလား နင်ကကံကောင်းလိုက်တာ အားကျတယ်ဟယ်""

အရှေ့ခုံက ကောင်းမလေးက မနေနိုင်မထိုင်နိုင် လှမ်းအော်ပြောလိုက်ခြင်းကြောင့် အတန်းလေးက အားကျသူတွေ မျက်ဝန်မှာ ခေါင်ငြိမ့်ထောင်ခံသူတွေ ကပြုံးနေကြသည်

""ရချင်းယူသွား စိတ်ရှုပ်လို့""

""ဟယ် နင်ကလည် နင့်အတွက်ရည်ရွယ်တဲ့ ပန်းတွေ မယူရဲပါဖူးနော်""

ကျစ်

ဂျီမင်းပုံစံက တကယ်စိတ်ရှုပ်နေကာ မျက်မှောင်တွန့်ချိုးကာ ဘုဆပ်ဆပ် ပြန်ပြောနေပေမယ့် အားလုံးရဲ့အကြည့်က ပြုံးရွှင်းနေခဲ့ကြသည်

""ဗိုက်ဆာပြီ လာသွားစားမယ်""

ဂျီမင်း စာအုပ်တွေသိမ်းရင်း ဘေနားကဟိုဆော့ကို ပြောလိုက်၏

""အွန်း သွားမယ်လေ ဒီပန်း""

ပန်းတွေကို သတိတရလက်ညိုးထိုးနေသူကြောင့် မျက်စောင်းထိုးလိုက်ကာ

"" ဟရောင် ကန်တင်းကို မင်းအဲပန်း ဘာလုပ်ဖို့လဲ ထားလိုက်စမ်းပါကွာ""

ထားလိုက်ဆိုမှ ပန်းစည်းကြီးကို သေချာ ပြန်လုပ်နေသော သူကြောင့်

""မင်းကလည် ထားလိုက်လစ်မယ် ဆာနေပါပြီးဆို မင်းကတစ်မျိုး""

""နှမျော စရာကြီး မပစ်နဲ့နော် ဟရောင်""

""အလောက်ဖြစ်နေရင်း မင်းယူသွား""

""ငါ့ပေးတာ မဟုတ်လို့ပေါ့ ""

နှစ်ယောက်သာ တွန်းတွန်းတိုက်တိုက်နဲ့ ရယ်မောပြီး ဆင်းလာခဲ့ကြသည်

မဆီမဆိုင် ပန်းမြင်တာနဲ့ လန့်သွားတဲ့အဖြစ်ကြောင့် နှစ်ယောက်သာ ရယ်မိကြကာ ကန်တင်ရောက်လာခဲ့ကြည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now