Zg 17

24 5 0
                                    

အတ္တတစ်ခုရဲ့အမှား EP 17

ဟိုင်းဝေးလမ်းရဲ့ နတ်ပြောင်းနေသော လမ်းမထက်မှာ ကားအဖြူလေးတစ်စီး က လမ်းမပေါ်တရိပ်ရိပ်ပြေးနေခဲ့သည်

ကားလေးထဲမှာ အလာတုန်းကနဲ့ဆန့်ကျင်စွာ တိတ်ဆိတ်နေခဲ့ပြီး ထယ်ယောင်း အဓိပ္ပာယ်မရှိ လက်သည်းတို့ကိုထိဆိတ်နေပြီး လက်တစ်ဖတ်က ပါးစပ်မှာကိုက်ကာ တည်ငြိမ်အောင် စိတ်ကိုထိန်ထားပြီး သူထင်ထားတာခန့်မှန်တာတွေ ဘာမှဖြစ်မလာခဲ့ပဲ အကြောင်းအရာတွေက ကြီးထွားလာနေခဲ့သလို အရမ်းလည် ကြောက်နေမိခဲ့သည်

ငယ်စဉ်ကတည်းက အဖေရဲ့ရိုက်နှိက်ခြင်းကို ခံရပြီး ဂျီမင်းအိမ်ရောက်ပြီး လွတ်မြောက်ခြင်းနဲ့အတူ ချမ်းသာကြွယ်ဝခြင်းကို တပ်မက်မိကာ မကြံစည်အပ်တာကို အရဲစွန့်ပြီး ကြံစည်လိုက်မိခြင်းသာ တကယ်လက်တွေ့ဖြစ်လာသောအခါ ကြောက်စိတ်နဲ့အတူ တုန်လှုပ်နေမိခဲ့သည်

လေတိုးသံမှာ အပ ကားလေးက တိတ်ဆိတ်နေပြီး ကားမောင်းနေသော လူကြီးက မေးရိုးတို့တင်းနေကာ စုကြုံထားသော မျက်ခုံတို့က ခုချိန်ထိ မပြေလာသေးပေ ဆံနွယ်တိုတိုလေကြောင့် နာထင်ကြောတွေ ထောင်နေတာကို မြင်ရသလို မျက်လုံးတို့က စူးရဲကာ လမ်းမတို့ပေါက်ထွက်မတတ် ကြည့်ပြီ မောင်းနေခဲ့ကာ တစ်ခါတစ်လေ လီဗာကို ဖိနင်းနေခြင်းကြောင့် ဘေးကကားတွေ ရူ့ခင်းတွေက ရိပ်ခနဲ ရိပ်ခနဲ ဖြတ်သန်းကာ ကျော်တတ်သွားခဲ့သည်

အရှေ့က ကုန်တင်ကားကို ကျော်လိုက်ချိန် မျက်နာချင်းဆိုင် ကားကဘွား ခနဲပေါ်လာကာ ထယ်ယောင်း လန့်သွားပြီး မျက်လုံးတို့ပိတ်ချလိုက်ကာ လက်တို့က ခါးပတ်ကြိုးကိုတင်းနေအောင် ဆုတ်ကိုင်ထားပြီး ဆွဲမိသွားခဲ့သည်

ဂျောင်းကု သူ့ကားကို ကုန်တင်ကားနဲ့ ယှဉ်မိအောင် ကပ်မောင်းပြီး ကားနှစ်စီးကြား လွတ်အောင်မောင်းလိုက်ပြီး အရှိန်ကိုမလျှော့ပဲ ပိုတင်ပြီး မောင်းလိုက်ခြင်းကြောင့် ကားနှစ်စီးလုံးရဲ မိုးမွှန်အောင်ဆဲသံများနဲ့ ဟွန်းသံတို့က ဆူညံစွာ ထွက်ပေါ်လာခဲ့သည်

တီးးးးးးး

တီးးးးးးးးးး

ဝှီးးးးး

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now