အတ္တတစ်ခုရဲ့ အမှား EP 1

3.5K 140 17
                                    

အတ္တတစ်ခုရဲ့ အမှား EP 1

ခွမ်းးးးးချလွမ်း

ပုလင် ကျကွဲအသံနဲ့အတူ ပစ္စည်းပြုတ်ကျသံတို့က ဆူပွက်စွာ ထွက်ပေါ်လာခဲ့သည်

""ဘယ်ကောင့် ကိုဂရုစိုက်ရမှာလဲကွ ဘယ်အကောင်မှ လူမထင်ဖူး အလကားကောင်းတွေ"""

တဲအိမ်သာသာ အိမ်လေးထဲက ညအမှောင်မှာ ထွက်ပေါ်လာတဲ့ ငှက်ဆိုးထိုးသံလို အသံတွေက အိမ်လေးဆီက ပျံလွှင့်လာခဲ့သည်

ထယ် ခနော ခနဲ့ ခြံတံခါးလေးဖွင့်ဖို့ လှမ်းရွယ်လိုက်ချိန် ကြားလိုက်ရတဲ့ အသံတွေကြောင့် ထယ် ခြေလှမ်းတို့ ရပ်တန့်သွားပြီး လွယ်ထားသော ကျောပိုးအိတ်လေးကို တင်းတင်းလေ ဆုတ်ကိုင်လိုက်ပြီး နင်ပဲငဆ ထွက်ကျလာတော့မယ့်အသံတွေ သူ့ကိုမြင်ရင် အလကားဆန်ကုန်မြေလေးဆိုပြီး တွေ့ရာဆွဲရိုက်မယ့် အရေးတွေ နာမခံနိုင်စွာ ဆဲဆိုမယ့်အကြောင်းတွေ မကြားချင်တာနဲ့ ထယ် လာရာလမ်းလေးအတိုင်း ပြန်လှည့်ပြီး အိမ်လေးရဲ့အဝေးဆီ ထွက်ပြေးလာခဲ့သည်

ဆင်းရဲသား ရပ်ကွက်တောင် ချောင်းအကျဆုံးရပ်ကွက် တစ်ခုထဲမှာနေရပြီး ခနောခနဲ့ အိမ်လို့ခေါ်တဲ့တဲအိမ်သာသာလေးထဲမှာနေရပြီး  ခြံစောင့် အရက်သမား အဖေ လမ်းမပေါ် ရာသီးပေါ် သီးနှံလေးတွေကို မီးဖုတ်ပြီးဈေးရောင်းနေတဲ့ ဒုက္ခိတ အမေ စက်ရုံတစ်ခုမှာ ပညာမတတ်လို့ အောက်‌ခြေသိမ်းလုပ်နေတဲ့ မဆိုစလောက် လခလေးနဲ့ အိမ်ကိုထောက်ပံနေတဲ့အမ ဒါက ကျနော ကင်ထယ်ယောင်းဆိုတဲ့ ဘဝတစ်ခု အစပြုရာလေးပါပဲ

နေ့တိုင်းရန်ဖြစ်နေတဲ့ မိဘ အမေကို မမဲရက်ပဲ သူတို့မောင်နှမ နှစ်ယောက်ကိုသာ အမြဲတမ်းမဲရိုက်သောအဖေ အားလုံးကို ကျနော်မုန်းတယ် ဆင်းရဲတာလည် မုန်းတယ် မိသားစုလည် မုန်းတယ်

ကျနော ချမ်းသာတာဆိုလို့ လူတကာ ငေးကြည့်ရတဲ့ လှပလွန်တဲ့မျက်နာ နဲ့ဉာဏ်ကောင်းလွန်ခြင်းပါ တစ်ကျောင်းလုံးရဲ့အဆင့် ၁ နေရာက မဆင်းဖူးခြင်းက သူ့ပညာရေးကို အထောက်အကူပြုခဲ့ခြင်းကြောင့် ဆင်းရဲတဲ့ဘဝကို မုန်းလွန်လို့ သူ့ဘဝရဲ့ ထွက်ပေါက်ဖြစ်တဲ့ စာကိုသာကြိုးစားခဲ့သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now