Zg 14

17 3 0
                                    

အတ္တတစ်ခုရဲ့အမှား EP 14

မိုးသားပြာပြာလေအောက်က ရေလှိုင်ဖြူဖြူလေတွေကို သယ်ဆောင်လာတဲ့ ပင်လယ်ရေ မျက်နာပြင်ပေါ်က ထွက်ပေါ်လာတော့မယ့် အရုဏ်ဦးရဲ့ လင်းရောင်ခြည်တန်းတို့ကို ကင်ဗတ်ပေါ်မှာ စုတ်ချက်လေးတွေက နူ့ညံစွာ ရေဆွဲနေခဲ့သည်

သဲသောင်ပြင်တစ်ခုလုံးမှာ သက်ရှိဆိုလို့ သူတစ်ဦးထဲရှိနေပြီး စိတ်အာရုံအားလုံးကို ပန်ချီထဲနှစ်ကာ စိတ်လွတ်လပ်စွာ အနှောက်အယှက်ကင်းကင်းနဲ့ ရေဆွဲနေခဲ့သည် ခပ်ဝေးဝေးမှာတော့ ဝမ်းရေအတွက် ပင်လယ်ထဲဆင်းတော့မယ် လှေငယ်လေးတွေကို လက်လွတ်မခံပဲ ရေးဆွဲနေခဲ့သည်

ဘယ်လောက်တောင် စိတ်နှစ်ပြီး ရေဆွဲနေလည်မသိခဲ့ အနောက်ကနေ သူ့ပုခုံကိုမေးတင်ပြီး နားနာလေ ကပ်ပြောသံကြောင့် လန့်ဖြန့်မိကာ ဆေးစက်တချို့ လွှင့်စင်သွားခဲသည်

သူ့အပေါ်လွင့်ကျလာသော ဆေးစက်တို့ကို မခါမိပဲ နားကနားကပ်လေးကို လျှာလေးနဲ့ ထိုးကလိလိုက်သည်

လျှာနဲ့ထိုးလိုက်ခြင်းကြောင့် တွန့်သွားတဲ့ခန္ဓာကိုယ်လေးကို ရယ်လိုက်ပြီး

""လူကြီး လှလိုက်တာ""

""ဟင်!!! ထယ်ယောင်းနိုးပြီးလား ဂျီလေကော""

""ဂျီမင်း မထသေးဖူး""

ထယ် ဂျီမင်း ဘန်ဂလို ထဲကျန်နေခဲ့တာကို တမင်ပြောပစ်ပြီး လူကြီးနား ကပ်နေလိုက်သည်

""အင်း ဟုတ်လား ""

""လူကြီး ""

""ဟင်""

""လူကြီးက ပန်ချီဆွဲရင်ရူ့ခင်ပုံပဲဆွဲတာလား""

ဂျောင်းကု လည်ပင်နားက တိုးတိုးဝင်လာသော လေနွနွေလေးတွေကို မခံနိုင်စွာ ရပ်လိုက်ပြီး ဘေးနားရပ်နေသူကို လှည့်ကြည့်လိုက်သည်

""အင်း အများအားဖြင့်ပေါ့ တစ်ခါတစ်လေတော့ဆွဲပါတယ် ဂျီလေပါလာရင်ပေါ့ ဂျီလေးက ကိုယ်ရဲ့ပင်တိုင်မောဒယ်လ်လေ""

ဂျောင်းကု ပန်ချီဆွဲ စုတ်တံလေးကို ပြန်ကိုင်လိုက်ပြီး အားရုံအားလုံး ပန်ချီထဲ ပြန်နှစ်ထားလိုက်သည်

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now