Zg 10

17 5 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 10

အခွံနွှာပြီး ရောက်လာတဲ့ ပုဇွန်လေးတွေကို ဂျီ ကြည့်ရင်း ငါက ကိုကြီးအတွက် ခလေးလေတစ်ယောက်လား ငါ့ကို ခလေတစ်ယောက်လိုမြင်လို့ ဒီလိုဆက်ဆံနေတာလား ငါက ကိုကြီးရဲအမြင်မှာ အရွယ်မရောက်သေးတဲ့သူလား

လားပေါင်းများစွာ စဉ်းစားရင်း ရင်ထဲက နာကျင်တဲ့စိတ်နဲ့အတူ မျက်ရည် တစ်ပေါက်က ဖျတ်ခနဲ မထိန်နိုင်စွာ ကျဆင်းသွားခဲ့သည်

""ဟင် ဂျီမင်း ""

ထယ် မထင်မှတ်ပဲ မျက်ရည် ကျလာတဲ့ ဂျီမင်းကြောင့် ပျာယာခပ်သွားပြီး ခုံကို ဘယ်လိုကျော်သွားမှန်မသိပဲ လူကြီးဘေးနားက ဂျီမင်းနားရောက်သွားခဲ့သည်

ဂျောင်းကု ထယ့်စကားကြောင့် လှည့်ကြည့်လိုက်ပေမယ် သူ့ထက်အရင် ရောက်ပြီး ပါးပေါ် စီးဆင်းနေတဲ့ မျက်ရည်တွေကို လက်ချောင်းရှည်ရှည်သွယ်သွယ်လေးနဲ့သုတ်ပေးနေသူကြောင့် ဂျောင်းကု ဂျီမင်းအရှေ့က ဟော့ပေါ့ အိုးလေးကို နေရာရွှေ့လိုက်သည်

""ဟို ဘာမှ မဖြစ်ပါဖူး ဟင်ရည်အိုးက ပူလို့ပါ ""
ဂျီ သူရှေ့မှာ ဆူးနေတဲ့ ဟင်ရည်အိုးလေးကို ရယ်ရွယ်ပြီ ပြောလိုက်သည်

ဂျီအဖြေကြောင့် ဂျောင်းကု ဂျီခေါင်လုံးလုံးလေကို ဖိကိုင်လိုက်ပြီး

""ကိုက လန့်သွားတာပဲကွာ ခလေးလေ ကျနေတာပဲ အငွေ့ရိုက်ရင် ကိုကြီးကိုပြောပေါ့ ကိုလုပ်ပေးမှာပေါ့""

မျက်ရည်တို့ ရစ်ဝိုင်းနေသော မျက်ဝန်အိမ်ရှည်ရှည်လေးရဲ့ ဘာသာစကားတွေကို ဂျောင်းကု နာမလည်စွာ ကြည့်ရင်း

""နောက်ဆို ကို့ ကိုပြောနော်""

နူညံနေသော နူတ်ခမ်းပါးထက်က စကားသံတွေက နာကျင်နေသော ရင်ထဲက စိတ်တို့ကအလိုမကျနေခဲ့ပါ ကျနော်က ကိုကြီးအတွက် ခလေးတစ်ယောက်ထက် မပိုဖူးလား မေးလိုက်ခြင်းနေမိကာ မျက်ဝန်းဝိုင်းဝိုင်းလေးရဲ့ ကြင်နာစွာ ကြည့်နေသော အကြည့်တို့ကို ရှောင်လွဲလိုက်ပြီး ခေါင်ပေါ်တင်ထား
သော လက်တို့ကိုဖယ်လိုက်သည်

""ရပါတယ် ""

""အား ကြည့်စမ်း ကို့ကလေးက မျက်ရည်တွေ ရှိသေးတာပဲ""

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now