Zg 36

56 5 0
                                    

အတ္တတစ်ခုရဲ့ အမှား EP 36

နာရီလက်တံ တခြောက်ခြောက်မြည်နေကာ ည 7 နာရီးကို ညွှန်းဆိုနေတဲ့ ဂဏန်းလေကြောင့် ဂျောင်းကု အလိုမကျတဲ့ မျက်နာက တည်တင်းနေခဲ့သည် ။မကြိုက်ပါဖူး ပြောထားရက်နဲ့ ဒီအချိန်ထိ ပြန်မလာသေးသူကြောင့် ဒေါသတို့ ငယ်ထိတ်ရောက်နေသလားမှတ်ကာ အခန်းထဲ ခေါက်တုန်ခေါက်ပြန် လျှောက်နေမိခဲ့သည်

နာရီသံ တချက်ချက်နဲ့အတူ ဒေါသထွက်လို့ ရင်ဘတ်ကျယ်ကြီးကလည် နိမ့်လိုက်မြင့်လိုက်ဖြစ်ကာ နောက်ဆုံး မနေနိုင်သူက သူဖြစ်သည်မို့ ကားသော့ပြန်ယူလိုက်ပြီး အပေါ်ထပ်ကဆင်းလာခဲ့လိုက်သည်

သူကဆင်းလာသလို လှေးကားပေါ်တတ်လာတဲ့မေမေ နဲ့ဆုံသွားခဲ့ကြသည်

""သား ဆင်းလာတာ အတော်ပဲ ဂျီလေးတနေကုန် ဆက်သွယ်လို့ မရလို့တဲ့ ပန်းရုံ စိတ်ပူနေတယ် ဂျီလေးက တော်ရုံမလည်တတ်ပါဖူး ဘာလို့ခုထိ ပြန်မလာလည် မသိဖူး""

မေမေစကားကြောင့် မျက်မှောင်တို့ကျုံသွားကာ ခုထိ အိမ်ကိုတောင် မဆက်နိုင်ဖူးလားတွေးကာ ဒေါသလည် ထွက်နေမိခဲ့သည်

""ဟုတ် သား သွားခေါ်လိုက်မယ်""

""သား သိတာလား""

""အတိအကျတော့ မဟုတ်ပေမယ့် ထင်နေတဲ့နေရာရှိတယ် သားသွားကြည့်လိုက်မယ်""

""အေး အေး မေမေ ပန်းရုံကို သွားပြောလိုက်မယ်""

မေမေက ဂျီအိမ်ဖတ်ကူးသွားသလို ဂျောင်းကုလည် ကားမောင်းပြီး ထယ်ယောင်းရှိရာ ကွန်ဒိုကို ထွက်လာခဲ့လိုက်သည်

ဂျောင်းကု ကွန်ဒိုမှာ ကားရပ်ပြီး ထယ်ယောင်းနေထိုင်ရာ အခန်းကို တတ်လာခဲ့လိုက်သည်

တင်းးးတောင် တင်းတောင်းးးးး

အဆက်မပျတ် မြည်နေသော ဘလ်သံတွေအကြာကြီးနေမှ ထယ် တံခါးလာဖွင့်ကာ တံခါးက ဖွင့်တယ်ဆိုရုံလေ ထယ် တစ်ကိုယ်စာသာ ဟ ပြီး ပြောလာသူကြောင့် ထယ့်ကိုကျော်ပြီး လှမ်းကြည့်လိုက်ပေမယ့် အထဲကိုမမြင်ရတာကြောင့် ထယ်မျက်နာကိုပဲ စူးစိုက်ကြည့်ကာ အကဲခပ်လိုက်၏

""အော် လူကြီး ဘာကိစ္စလဲ""

""ဂျီလေး ဘယ်မှာလဲ""

 အတ္တ တစ်ခုရဲ့အမှား Uni+ZgWhere stories live. Discover now