အဝါရောင်နေကြာပန်းခင်းကြီးထဲမှာ အထီးကျန်စွာရပ်နေတဲ့ မိန်းကလေးတစ်ယောက်။
တစ်ယောက်ယောက်ကိုစောင့်နေပုံရသည်။ အဝေးကိုမျှော်ငေးနေတဲ့ မျက်ဝန်းတစ်စုံမှာ မျက်ရည်တွေပြည့်လျှက် ။
နောက်တော့ သူ့ရှေ့မှာဝိုးတဝါးထွက်ပေါ်လာတဲ့ ကောင်လေးတစ်ယောက်ရဲ့ကျောပြင်လေး ။ကျောပြင်လေးဟာ သူမရှေ့ကနေ တဖြည်းဖြည်းနဲ့ ဝေးဝေးလာတယ် ။ ရှေ့ကနေ
ပျောက်ကွယ်သွားတဲ့ ကျောပြင်လေးကို
မမှီမကမ်းလိုက်ဖမ်းဆုပ်နေမိတယ်။ တဖြည်းဖြည်းမှိန်ဖျော့လာတဲ့ အပြုံးရေးရေးလေးနှင့်အဝါရောင်မျက်ဝန်းတစ်စုံ သူမရှေ့ကတဖြည်းဖြည်းဖယ်ခွာသွားတဲ့ခြေလှမ်းတွေကအစ မမှိတ်မသုန်လိုက်ကြည့်ရင်း မပီမသစကားလုံးတွေ ထွက်ကျလာတယ် ။သူမမျက်ဝန်းမှာလဲ မျက်ရည်တွေစိုစွတ်နေခဲ့၏ ။
ပျောက်ကွယ်သွားတဲ့ကျောပြင်လေးဆီက အသံသဲ့သဲ့လေးကြားလိုက်ရတယ်။"ကျွန်တော်တို့ ဒီလောက်နဲ့ပဲရပ်လိုက်ရအောင်"
"မောင်" ပြန်လာခဲ့ပါ မထွက်သွားပါနဲ့ "
ထိုနေရာမှာပဲ သူမလဲကျသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။
"တီတီမေ တီတီမေ"
ပိုးပိုးလေးခေါ်သံကြောင့် မေနှင်းငယ်အိမ်မက်ကလန့်နိုးလာခဲ့သည်။
"ဟင်..... ဟင် ပိုးလေး"
" အိမ်မက်ဆိုးတွေမက်နေပြန်ပြီလား တီတီမေ"
"အင်း ပိုးလေးနိုးတာကြာပြီလား"
"ဟုတ် တီတီမေ့ကို ကြည့်နေတာ ၊
တီတီမေအိပ်နေရင်းနဲ့ ငိုနေတာ နောက်ဆိုငိုရဘူးနော်
တီတီမေ ငိုရင် သားဒီနေရာကနာလို့"သူ့ရင်ဘတ်ကိုလက်ညိုးလေးထိုးကာ နှုတ်ခမ်းဆူဆူလေးနဲ့ပြောနေသော ပိုးလေးကို မေသဘောတကျရယ်မိသည်။
ညီမဝမ်းကွဲတို့လင်မယားနှစ်ယောက် အလုပ်ခရီးသွားရမှာမို့ သူတို့သားပိုးလေးကို မေ့ဆီထားခဲ့သည်။ ပိုးလေးက မွေးကတည်းကမေ့လက်ထဲမှာပဲကြီးပြင်းလာတာမို့ တစ်ဉီးတည်းသောတူလေးကို အချစ်ပိုရသည်။ မေအရာအားလုံးကိုဆုံးရှုံးလိုက်ရချိန် မေ့ဘဝထဲကို ပိုးလေးရောက်လာတာကြောင့်ပဲ မေနာကျင်စရာတွေကဖြေသိမ့်နိုင်ခဲ့တာထင်သည်။