ခန့်ထည် တစ်ပတ်လောက် အခန်းထဲပိတ်ခံထားရပြီးနောက် အပြင်ထွက်ခွင့်ရသည် ။
အခွင့်အရေးရရချင်း မမဆီသွားဖို့ပြင်တုန်း ခရမ်းရောက်လာသည် ။"ကိုကို ဟိုနေ့ကမမကို တောင်းပန်းပါတယ်လို့ပြောပေးအုံးနော် "
"အင်းပါ ပြောလိုက်မယ်နော်"
"ဒီမှာ မမဖို့ ကိတ်ယူသွားပေးအုံးနော် "
"အင်း ကိုသွားတော့မယ် ခရမ်း "
ခရမ်းပေးလိုက်သော ကိတ်လေးကို ယူခဲ့ပြီး တိုက်ခန်းဆီ အပြေးလာခဲ့သည် ။
--------
မေ အခုဆိုရင် ခေါင်းကဒဏ်ရာရော ခြေထောက်ဒဏ်ရာပါ ပျောက်သွားပြီ ။ သို့ပေမဲ့ ရင်ထဲကဒဏ်ရာကတော့ မပျောက်သေး ။ တိုက်ခန်းမှာ ရှင်းခန့်ကိုစောင့်နေခဲ့တာ တစ်ပတ်ပင်ရှိလေပြီ ။ တဖက်သတ်အတွေးတွေနဲ့ မဆုံးဖြတ်ချင်တာကြောင့် ရှင်းခန့်ထံမှ ဖြေရှင်းပေးမည့် စကားကို ကြားချင်သည် ။ ယုံချင်သည် ။ ရှင်းခန့်ကို အကြွင်းမဲ့ယုံကြည်ထားတာမို့ မေ့နောက်ကွယ်မှာဖောက်ပြန်သည် ဆိုတဲ့ကိစ္စကို လက်မခံချင် ။ ဖောက်ပြန်လို့လည်းမဖြစ် ။ ရှင်းခန့်သာဖောက်ပြန်သွားရင် မေ့မှာ ဖခင်မရှိတဲ့ကလေးကို ပျိုးထောင်ဖို့ ခွန်အားမရှိပေ။
မေ ပြတင်းနားလေးမှာထိုင်ပြီး အပြင်ကိုငေးနေတုန်း အောက်ထပ်မှာ ရှင်းခန့်ရဲ့ကားကိုတွေ့လိုက်ရတာမို့ ပျော်သွားသည် ။ ယုံကြည်ထားသလို လာပြီးရှင်းပြတာပဲ ဟုတွေးကာ ပျော်နေခဲ့သည် ။
" မမ "
" ပြောလေ မောင် "
" ဒီမှာ မမဖို့ကိတ် "
" အင်း "
" ဟို့နေ့က ကိစ္စအကြောင်းထပ်မမေးနဲ့တော့ မမ ကျွန်တော်လည်း မစဉ်းစားတတ်ဘူး ။ မမ အဆင်ပြေသလိုသာ ဆုံးဖြတ်လိုက်ပါ ။ သူနဲ့ကျွန်တော် ဘာမှမဖြစ်ခဲ့ဘူးဆိုတာကိုတော့ အာမခံရဲပါတယ် "
ရှင်းပြမှာပဲလို့ တွေးထားပေမဲ့ ကြားလိုက်ရတဲ့စကားတွေကြောင့် မေဝမ်းနည်းရပါသည်။သို့ပေမဲ့ မောင့်ကိုအကြွင်းမဲ့ယုံကြည်ပါသည်။