အိပ်ပျော်နေတဲ့ မမကိုငေးကာ ခန့်ထည် အတွေးထဲမျောနေ၏ ။
မမနားမှာ ရှိတာ တစ်နှစ်ပြည့်တော့မည် ။
မမဆီက အဖြေရတဲ့နေ့ကိုပြန်တွေးရင်း ခန့်ထည်ပြုံးမိသည်။နေ့တိုင်းမမနဲ့အတူ ရှိနေတာကိုပျော်ပေမဲ့ ဒီလကုန်ရင် ပြန်ရတော့မည် ။
မာမီကလည်း လွန်ခဲ့တဲ့လတည်းက ပြန်ခေါ်နေ၏။
company ကို သူ့အားလက်လွှဲဖို့ အခုတည်းကသင်ပေးမယ်ပြောကာ
ပြန်လာဖို့ တဂျီဂျီလုပ်နေသည်။" ရှင်းခန့် ရှင်းခန့် "
".............."
" မောင် "
" ဗျာ မမ "
" ဘာတွေ တွေးနေတာလဲ
ခေါ်တာတောင်မကြားဘူး "" မမ လကုန်ရင် ကျွန်တော်ပြန်ရတော့မယ် "
" အင်း "
" ကျွန်တော် မာမီ့companyမှာ အလုပ်ဝင်ရမယ်။
ကျွန်တော် အားရင်အားသလို ပြန်လာခဲ့မယ်နော် ၊
အရင်တုန်းကလိုပဲ စောင့်နေပေးပါနော် မမ"" အင်းပါ "
" ကျွန်တော် မမကို ချစ်တယ် "
" အင်း သိတယ် သိတာမို့ ပြန်လာခဲ့ရမယ်နော် "
" ဟုတ် မမ "
" မမ နေကြာတွေပွင့်တဲ့အချိန်မှီရင် သွားခူးကြရအောင် နော် "
" အင်း "
မမကို ပြောပြီး ပြတင်းပေါက်အပြင်ကို ထပ်ငေးနေတော့ မမက
" မမရဲ့ အဝါရောင်လေးကို ချစ်တယ် "
ဟုဆိုကာ ကျွန်တော့်ခေါင်းကို ဖွဖွလေးပွတ်ပေးနေသည် ။
(ပြန်တောင်မပြန်ရသေး ခုထဲက မမကိုလွမ်းနေပြီ)
*************
နေကြာတွေပွင့်တာကို မမှီခဲ့ပါဘူး ။
ကျွန်တော့်မမကို ထပ်ထားခဲ့ရပြန်ပါပြီ။
ကျွန်တော် ပြန်လာခဲ့မှာမို့ စောင့်နေပေးပါအုံးနော် ကျွန်တော့်ရဲ့မမ ။**************
ရှင်းခန့် ပြန်သွားပြီးနောက် မှူးကလည်း တစ်ခြားမြို့မှာ ကျောင်းသွားတတ်သည်။ မေကတော့ အိမ်မှာပဲ ကလေးတွေကို စာပြပေးသည်။ အပင်တွေစိုက်ရင်း စာအုပ်တွေဖတ်ရင်း အဝါရောင်လေးကို လွမ်းရပါသည် ။
ရှင်းခန့်က တစ်လတစ်ခါပြန်လာတတ်ပြီး နှစ်ရက်လောက်နေကာ ပြန်သွားရသည်။ ပြန်လာတိုင်းလည်း မေ့အတွက် ပန်းပင်လေးတွေ စာအုပ်တွေဝယ်လာတတ်သည် ။