(23)

68 3 0
                                    



မေဒီလမ်းကို ဘယ်နှခေါက်လျှောက်မိနေခဲ့မှန်းမသိ။
မိုးရွာထဲမှာ ဘာအမိုးအကာမှမပါဘဲ ရယ်နေတဲ့မေ့ကို လမ်းသွားလမ်းလာတွေ ကြည့်နေလားလဲ ဂရုမစိုက်မိတော့။ မေဘာကိုမှဂရုမစိုက်နိုင်ခဲ့။ မျှော်လင့်ချက်တွေ နောက်တစ်ကြိမ် ထပ်ရိုက်ချိုးခံရတယ်
နောက်ထပ်တစ်ကြိမ် နာကျင်ရပြန်ပါတယ်။ မေ့အသည်းကို ထပ်ခါထပ်ခါ ခွဲခံခဲ့ရတာတောင် မေက ‌ဒီလူသားလေးကို အပြစ်မမြင်နိုင်ခဲ့။ 

မနက်က မောင့်အတွက်မွေးနေ့လက်ဆောင် ဝယ်ပြီးအပြန် မိန်းကလေးတစ်ယောက်နဲ့ လက်ချင်းတွဲကာ ဆိုင်ထဲဝင်သွားတဲ့ မောင့်ကို မေပြုံးပြနေပေမယ့် မမြင်ချင်ယောင်ဆောင်ကာ ကျော်သွားတယ်။ မောင့်နောက်လိုက်ဖို့ ပြန်အလှည့် ဘေးမှမိန်းမနှစ်ယောက်ရဲ့ စကားက

"ဟဲ့ အဲ့တာ ဒေါ်သစ္စာသားမလား ဘေးကကောင်လေးလေ သူတို့ကစေ့စပ်ပြီးသားတဲ့"

"ငယ်ငယ်လေးရှိသေးတာကို"

"အေး အရင်သူ့ကောင်မလေးက ပိုင်းလုံးဆိုလားဘဲ ပိုက်ဆံတွေလိမ်ပြီး ပြန်မပေါ်လာတော့ဘူးလို့ ကြားတယ်"

"ဟုတ်လား"

မေ့နားထဲမှာ စေ့စပ်ပြီးသား ဆိုတဲ့စကားကို ထပ်ခါထပ်ခါ ပြန်ကြားနေရတယ်။ မောင့်နောက်မလိုက်တော့ဘဲ အပြင်ကနေသာ ငေးကြည့်နေမိတယ်။ မောင့်ဘေးကမိန်းကလေးက အရင်တစ်ခါ မောင်နဲ့အတူတူအိပ်နေတဲ့ မိန်းကလေး။ အဲ့မိန်းကလေးနဲ့မောင်က စကားတွေပြောရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်မောနေသည်။ မောင်ရဲ့အပြုံးလေးတွေ လန်းဆန်းနေခဲ့တယ် မေသိပ်လွမ်းနေခဲ့တဲ့ မျက်ဝန်းဝါတွေကလည်း ကြည်လင်လို့။ သိပ်ချစ်ရတဲ့သူက ကိုယ်မဟုတ်တဲ့သူနဲ့ပျော်နေတာကို ကြည့်ရတာ ဘာလို့သိပ်နာကျင်ရတာလဲ။ မေ့ရင်ထဲမှာ စူးစူးအောင့်အောင့်ကို ခံစားနေခဲ့ရပါတယ်။

မေ ခနတော့ အံ့ဩမိပါသေးတယ်။ သေချာတွေးကြည့်တော့လည်း မေက အ ခဲ့တာ။
အရင်တစ်ခါထဲက မေ့ကို အဆင်ပြေသလိုဆုံးဖြတ်ပါ ဆိုတဲ့စကားနဲ့ ဘာမှရှင်းပြမပေးခဲ့။ မေ့အပေါ် ရုတ်တရက်ကြီးအေးစက်သွားသလို ကိုယ်ဝန်ရှိနေတာကိုလည်း ဂရုမစိုက်ခဲ့။ မေဆက်သွယ်နေပေမဲ့ ပြန်မဆက်သွယ်သလို မေ့ဆီလည်း ပြန်မလာခဲ့တဲ့ မောင်။
မေတွေးရင်း တွေးရင်းပင် နာကျင်လာရတယ်။ ခုမှပဲ မေနားလည်ပါတော့တယ်။

လွမ်းရပါသော မောင့်နေကြာ Where stories live. Discover now