ဒီနေ့မနက်ထဲက ခန့်ထည်တစ်ယောက် ဘာကိုအလိုမကျမှန်းမသိ မြင်သမျှတွေ့သမျှကို ဒေါသထွက်နေသည်။ မနက်ဖြန်လက်ထပ်ပွဲကျင်းပရမှာမို့ တစ်နေကုန် အိမ်မှာပဲနားနေမည်ဟု တွေးထားပေမဲ့ အိမ်မှာနေရင်းကို စိတ်တွေမွန်းကြပ်လာသည်။
မာမီကလည်း ကုဋေတို့နဲ့တွေ့ပြီးထဲက သူ့အားရှောင်ဖယ်ရှောင်ဖယ်နှင့် ။ အခန်းထဲလည်းအဝင်မခံ စကားလည်းမပြော။ တခြားသူတွေကပဲ ဖြစ်နေတာလား သူကိုယ်တိုင်ကပဲထူးဆန်းနေတာလား မသိတော့။
အိမ်ထဲမှာ ဆက်မနေချင်တော့တာကြောင့် ကုဋေအားဖုန်းဆက်ပြီး တစ်နေရာရာမှာ သောက်ဖို့ခေါ်လေသည်။မြို့အစွန်နားလေးမှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ခန့်ထည်နှင့် ကုဋေ သောက်ရင်းစားရင်း စကားဖောင်ဖွဲ့နေကြသည်။ သူငယ်ချင်းဖြစ်သူက မနက်ဖြန်လက်ထပ်တော့မှာမို့ ကုဋေအဖော်လုပ်ပေးရင်း ခန့်ထည်ရင်ဖွင့်သမျှကို နားထောင်ပေးနေရသည်။
"ကုဋေ ငါအခုလုပ်နေတာတွေကို မှန်တယ်လို့ မင်းထင်လား"
"မင်းပျော်တယ်ဆိုရင် မှန်တာမှားတာက အရေးမပါဘူး ခန့်ထည်"
"ငါမပျော်ဘူး ငါမပျော်နိုင်တာနှစ်တွေကြာပြီကွာ"
"မပျော်ပဲနဲ့ ဘာလို့ဆက်လုပ်နေလဲ"
"ငါလည်းမသိတော့ဘူးကွာ ဘယ်နေရာကစပြီးမှားနေခဲ့တာလဲဆိုတာ"
"မင်းအခု အချိန်တွေပြန်လှည့်လို့ရမယ်ဆိုရင် ဘာလုပ်မလဲ"
"ငါ....ငါ အဲ့တုန်းကမမကိုခွင့်လွှတ်ပေးခဲ့မယ် အဲ့တာဆို ငါလည်း ခုလိုမပျော်မရွှင်ဖြစ်နေရမှာမဟုတ်ဘူး"
"အခုလည်း ခွင့်လွှတ်လို့ရတယ်လေ မင်းလုပ်ချင်တယ်ဆိုရင် လုပ်လို့ရတာပဲ"
"ဟင့်အင်း မလုပ်ဘူး ငါကလက်ထပ်ရတော့မယ် ငါ
ငါ စိတ်တွေမွန်းကြပ်နေသလိုပဲကွာ ငါဘာဖြစ်ချင်နေမှန်းငါ့ကိုယ််ငါတောင်မသိတော့ဘူး""လက်ထပ်ပွဲပြီးရင် မင်းဘယ်မှာနေမှာလဲ"
"ငါ ရန်ကုန်ကိုပဲ ပြန်နေမယ် ဒီမှာ မနေချင်ဘူး
ဒီမှာဆို ငါ့စိတ်တွေပိုပင်ပန်းရလိမ့်မယ်"