(25)

98 4 0
                                    


မေ ဂီတာတီးတာကိုငေးကြည့်နေတဲ့ မောင့်ရဲ့မျက်ဝန်းဝါလေးမှာ မေ့အတွက်ချစ်ခြင်းမေတ္တာဆိုတဲ့အရိပ်အယောင်လေး ရှိသေးလား ဆိုတဲ့မျှော်လင်ချက်လေးနဲ့ ရှာဖွေမိတယ်။

သီချင်းလေးသာ ဆုံးသွားတယ် ရှာလို့မတွေ့ခဲ့။

သေချာသွားပြီပဲ မောင်မချစ်တော့ဘူးဆိုတာ သေချာနေပြီ။

မေဘယ်လိုလုပ်ရပါ့မလဲ။ နှလုံးအိမ်ပေါက်ထွက်လုမတတ်ချစ်ရတဲ့ ဒီလူသားလေးကို လက်လွှတ်ရတော့မယ်။ တစ်ခြားမိန်းကလေး လက်ထဲကို ထည့်ပေးရတော့မယ်။

မောင်နဲ့အတူတူဆိုပြီး ရည်ရွယ်ထားတဲ့ စိတ်ကူးတွေကိုလည်း ဖျက်ဆီးပစ်ရတော့မယ်။

တယုတယနဲ့တည်ဆောက်ထားတဲ့ ဒီဆက်ဆံရေးဟာလည်း အဆုံးသတ်တော့မယ်။

မေ အဆုံးမသတ်ချင်သေးဘူး။
မောင့်ကို ချစ်ချင်သေးတယ်။ မောင့်မျက်ဝန်းဝါတွေကိုလည်း တမြတ်တနိုးနဲ့ ငေးကြည့်ချင်သေးတယ်။

မေ့ ကလေးလေးကိုဆုံးရှုံးရပြီးတဲ့နောက် မောင့်ကိုအများကြီး မျှော်လင့်ထားခဲ့တယ်။
မေ့ဘဝရဲ့ အရာအားလုံးအဖြစ်သတ်မှတ်ပြီး ရှင်သန်ခဲ့တာ။ အခုအဲ့ဒီအရာအားလုံးကို ဆုံးရှုံးရတော့မယ်။ မေဘယ်လိုစိတ်နဲ့ ဆက်ပြီးရှင်သန်ရပါ့မလဲ။

မောင့်ကို လက်လွှတ်လိုက်တော့မယ် လို့ တွေးလိုက်တိုင်း မေ့နှလုံးသားကို ဆွဲထုတ်သွားသလို နာကျင်ရတယ်။ ဒီနာကျင်မှုကို မေမခံစားနိုင်ဘူး။ 
မောင့်ကိုလည်း အခက်မတွေ့စေချင်ဘူး။
မောင့်ရှေ့မှာလည်း ထပ်မငိုချင်တော့ဘူး။

မေငိုနေတာကို ရပ်လိုက်ပြီး အခန်းထဲဝင်လာခဲ့တယ် ။
မေ့ခေါင်းတွေလည်း ထူပူနေပြီ။ 
အခန်းတံခါးလေးကို အသာလေးဟပြီး မောင့်ကိုငေးကြည့်မိတော့

ဆိုဖာပါ်မှာ ချစ်ရတဲ့လူသားလေးက ဟိုလူးဒီလိမ့်နဲ့ အိပ်မရတဲ့ပုံပဲ။ မေအများကြီးငိုလိုက်လို့ အခက်များတွေ့သွားသလား တွေးမိသေးတယ်။

မေ ဒီနေရာ ဒီအချိန်လေးမှာပဲ အရာအားလုံးကို အဆုံးသတ်ချင်တယ်။ မောင်နဲ့အတူတူရှိခွင့်ရတဲ့ ဒီညလေးကိုပဲ နောက်ဆုံးအနေနဲ့ ယူသွားမယ်။
မောင့်ကို တခြားသူဘေးမှာရှိနေတဲ့ မြင်ကွင်းကို မကြည့်ရက်သလို မေနောက်ထပ်လည်း မငိုနိုင်တော့ဘူး။ မေ သိပ်ပင်ပန်းနေပြီ။
ဒီခံစားချက် ဒီနာကျင်မှုတွေကို ရပ်တန့်လိုက်ချင်ပြီ။ ‌

လွမ်းရပါသော မောင့်နေကြာ Where stories live. Discover now