(20)

74 2 0
                                    



မနက်လင်းတော့ ရှင်းခန့်ထည် ချစ်ရသူကိုရင်ခွင်ကျယ်ထဲ ထွေးဖက်ထားပြီး တစ်စိမ့်စိမ့်ကြည့်ကာ ချစ်မဝတဲ့မျက်ဝန်း‌ပေါ်က မျက်တောင်ရှည်တွေကို ရေတွက်နေသည် ။ ရေတွက်နေရင်း  အိပ်မောကျနေတဲ့မမထံမှ တချက်တချက် ညည်းသံလေးကြားရတာမို့ စိတ်မကောင်းဖြစ်ရသည်  ။ မနေ့ကပါတီမှာ လက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်ထားပေမဲ့ ချစ်ရတဲ့မမက စိတ်ကောက်နေတာမို့ ပါတီကပြန်မှ လက်ထပ်ခွင့်တောင်းရသည် ။ မမကလက်ခံပြီးနောက် အပျော်လွန်၍ စိတ်လွတ်ပြီး မမဆီမှ ရယူမိသည် ။ ဘယ်လောက်တောင် ဆိုးသွမ်းခဲ့မိသည်မသိ စောစောထတတ်တဲ့မမမှာ ခုထိမနိုးသေး။ ညကအကြောင်းကိုပြန်တွေးမိကာ မမအပေါ် အားနာရပြီး ပိုတိုးလို့ချစ်ရပါသည် ။ မမကိုကြည့်နေရင်း မနက်စာဝယ်ဖို့သတိရသွားတာကြောင့် မမရဲ့ အရှိုက်တည့်တည့်က မှဲ့လေးကို အနမ်းလေးပေးပြီး ရေချိုးခန်းဝင်ခဲ့သည် ။

ရေချိုးခန်းက ထွက်တော့ မမကနိုးနေပြီ ။
မမနဖူးလေးကိုဖွဖွလေး နမ်းတော့ မမကပြုံးပြနေပေမဲ့ မျက်ဝန်းတွေက မလန်းဆန်း ။ မမနဖူးလေးကို လက်နဲ့စမ်းကြည့်ပြီး

" ကျွန်တော့်မမ နေမကောင်းဘူးလားဟင် "

" ကောင်းပါတယ် "

" ဟင့်အင်း မကောင်းပါဘူး
ကျွန်တော့်ကြောင့် ကျွန်တော့်ကြောင့်မို့....
ကျွန်တော်တောင်းပန်ပါတယ်နော်မမ ကျွန်တော့်ကိုတားပါရော့လား မမရယ် မမစကားဆို တစ်ခွန်းတည်းနဲ့နားထောင်မယ့်သူပါ
ဒီလူရမ်းကားကို မမမို့ အလိုလိုက်ပေးတယ် ၊ ကျွန်တော် နောက်ဆို အဲ့လို အပြုအမူတွေမလုပ်တော့ဘူးနော် မမ ၊ မမပင်ပန်းအောင်ထပ်မလုပ်တော့ဘူးနော် "

" မဟုတ်ပါဘူး လူရမ်းကားမဟုတ်ပါဘူး ရှင်းခန့်ရယ် မမက ခွင့်လွှတ်တာမို့ ရတယ်နော် "

" ကျွန်တော့်မမကို သိပ်ချစ်တယ်နော် "

" အင်း သိတယ် "

" မမ လမ်းမလျှောက်နဲ့နော်
ကျွန်တော်မမကိုချီပို့မယ်နော် "

ရေချိုးခန်းထဲသို့ မမကို ပွေ့ချီကာ သွားပြီး ကိုယ်တိုင်ရေချိုးပေးသည် ။ ပြီးနောက် ဆိုဖာ‌ခုံပေါ်သို့ အသာအယာထိုင်စေသည်။

လွမ်းရပါသော မောင့်နေကြာ Where stories live. Discover now