မမကို နေကြာခင်းထဲ လိုက်ပို့ရမှာမို့ မနက်အစောကြီးထဲက နေမထိထိုင်မသာ တလှုပ်လှုပ်ဖြစ်နေသည်။ ကျောင်းမှမထွက်ခင် ဘဘုန်းနားကပ်ကာ
"ဘဘုန်း "
"ဟေ "
"ဟိုလေ ကိုယ့်ကို ချစ်စေတဲ့ဂါထာတို့ဘာတို့ မရှိဘူးလား "
" တစ်ယောက်ယောက်က ကိုယ့်ကိုမေတ္တာရှိလာဖို့ဆိုတာ ကိုယ်ကလည်း အဲ့တစ်ယောက်ကို မေတ္တာထားနိုင်ဖို့လိုတယ် သားရဲ့ ။ ပြီးတော့ .... "
ဘဘုန်းဆက်ပြောတာကို နားမထောင်နိုင်တော့ပဲ ထွက်လာခဲ့သည်။ ခန့်ထည်တစ်ယောက် သီချင်းတညည်းညည်းဖြင့် မမရှိရာအိမ်လေးဆီ ရောက်လာသည်။ အိမ်ရှေ့ရောက်သော် မမအဖေက ကျွန်တော့်ကိုတွေ့တော့ ပြုံးပြလာသည်။
" မင်းက နှင်းနှင်းဆီမှာ စာသင်ပြီး ငါ့သမီးကိုပိုးနေတာပေါ့ ဟုတ်လား "
" ဗျာ .... မ.....မ.... မဟုတ်"
" မင်း ဘယ်ကလဲ "
" ကျွန်.......ကျွန်......ကျွန်တော် ရန်ကုန်ကပါ ဉီး "
မေးသမျှကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ဖြေနေသော ခန့်ထည်ကြောင့် ဉီးကောင်းငယ် သဘောတကျရယ်နေ၏။
"ဉီးက သားကိုစနေတာပါကွာ "
" ..............."
" သွား မင်းမမ အိမ်ထဲမှာရှိတယ်"
" ဟုတ် "
ခန့်ထည် အိမ်ထဲဝင်ဖို့လုပ်စဉ် မမက အိမ်ထဲမှထွက်လာသည်။
အဝါရောင်ဂါဝန်ကားကားလေးနှင့် ခါးထိနေတဲ့ဆံနွယ်ရှည်တွေကို ဖြန့်ချထားပြီး ကလေးတစ်ယောက်လို ချစ်စဖွယ် ပြုံးပြလာသော မမက တစ်နေ့ထက်တစ်နေ့ ပိုပိုလှလာပါသည်။" အဟန့် အဟန့် "
" ဟီးး "
ဉီးကောင်းငယ်ချောင်းဟန့်လိုက်မှ ခန့်ထည် မမကိုငေးကြည့်နေရာမှ ရှက်ကိုးရှက်ကန်း ရယ်ပြလာသည်။
"ဉီး မမကို ခေါ်သွားမယ်နော် ၊ ကျွန်တော် သေချာပြန်ပို့ပေးပါ့မယ်ဗျာ့ "
" အေးအေး ပြန်မပို့လည်း
မင်းကို ခိုးမှုနဲ့ လိုက်ဖမ်းမှာ "