မေ အိပ်ယာကနိုးတော့ ရှင်းခန့်ကိုမတွေ့ ညကငိုထားတဲ့အရှိန်ကြောင့် မေ့ခေါင်းတွေကိုက်နေသည်။
မနေ့က ရှင်းခန့် သူ့မေမေနဲ့ စကားအချေအတင်ဖြစ်တာကို ပြန်တွေးမိသည် ။
မေ့အတွက်နဲ့ ရှင်းခန့်က သူ့မာမီကိုပြန်ပြောနေတာမို့ စိတ်ထဲမကောင်း။
မိန်းမသားချင်မို့ ရှင်းခန့်မေမေကိုကိုယ်ချင်းစာမိပါသည် ။
ငိုချင်နေတာကို ထိန်းထားနေပေမယ့် အတင်းဆွဲဖက်လာတဲ့ ရှင်းခန့်ကြောင့် တင်းထားတဲ့စိတ်တွေဟာ အလိုလိုပြိုကျသွားရသည် ။
ငိုနေရင်း ဘယ်ချိန်အိပ်ပျော်သွားပြီး အိပ်ယာထဲ ဘယ်လိုရောက်လာပင်ကိုမသိချေ ။ ညကအိမ်မက်ထဲမှာတော့ ရှင်းခန့်က မေ့ကိုထွေးပိုက်ပြီးအိပ်တယ်လို့ မက်သည်။
မေ တွေးရင်းပင် ရှက်လာတာမို့ အိပ်ယာမှထကာ ရေချိုးခန်းဝင် အဝတ်အစားလဲပြီး အခန်းပြင်ထွက်လာတော့ ရှင်းခန့်က ဆိုဖာပေါ်မှာထိုင်နေသည် ။ မျက်နာကလည်း မလန်းဆန်း ဒေါသထွက်နေတယ် ထင်သည်။ မေ့ကိုတွေ့တော့ ပြုံးပြလာ၏။" ရှင်းခန့် "
" ဗျာ မမ "
" ဘယ်ကိုသွားနေတာလဲဟင် "
" မမဖို့ မုန့်သွားဝယ်တာ မမ ၊ ခေါင်းကိုက်နေလား မမ မနက်စာ စားပြီးရင် ဆေးသောက်ရမယ်နော် "
" အင်းပါ သောက့်ပါမယ် "
"ကျွန်တော့် မမ "
" အင်း "
" မမကို ခိုးပြေးမယ်ဆိုရင် ကျွန်တော့်နောက် လိုက်မှာလား "
" ဟမ် "
" မလန့်ပါနဲ့ ကျွန်တော်က ဒီတိုင်းပြောလိုက်တာ
မမကို အဲ့လိုဘယ်တော့မှမလုပ်ပါဘူးဗျာ "" အင်း ပါ "
" မမ ကျွန်တော့်နားလေးကိုလာပါအုံး မျက်လုံးလေးတွေဖောင်းနေသေးလားလို့ ကြည့်ချင်လို့ "
" အင်း "
ဘေးနားကို မမရောက်တော့ မမမျက်နှာလေးကို သေချာကြည့်သည် ။ မနေ့ကလို မဟုတ်ပဲ ကြည်လင်နေတာမို့ စိတ်ချသွားရပြီ။
မမနဖူးလေးကို နမ်းလိုက်ပြီးနောက်" ကျွန်တော့်မမကို သိပ်ချစ်တယ်နော် "
" အင်း သိတယ် "