ခန့်ထည်အိမ်ပြန်ရောက်တော့ မိုးပင်ချုပ်လုပြီ။
အိမ်ထဲမဝင်သေးဘဲ အတွေးတို့နယ်ချဲ့နေ၏။ငယ်ငယ်ထဲက ဖခင်မရှိတော့ကြောင့် ဖတဆိုးလေးမို့ အမေသော်လည်းကောင်း၊အဖသော်လည်းကောင်း ဆုံးမရှာသည်။သို့ပေမယ့် အတ္တကြီးတဲ့မိန်းမသားများအနက် သူ့မာမီလည်းပါပေလိမ့်မည်။ ငယ်စဉ်က မာမီတစ်ခွန်းဆို တစ်ခွန်းခေါင်းငြိမ့်နေလာသူမှာ ဆယ်ကျော်သက်အရွယ်အချစ်နဲ့တွေ့ခါမှ ကပြောင်းကပြန်ဖြစ်ကုန်၏။ အချစ်ကို ပစားပေးလွန်းတဲ့သူ့ကို မရရအောင်ထိန်းချုပ်ရင်း တယောက်နဲ့တယောက်အရွဲ့တိုက်တတ်လာသည်။
မာမီ့စကားကိုနားမထောင်ဘဲ အချစ်ကိုရှေ့တန်းတင်လွန်းတာကြောင့် တခါအကျနာပြီးပြီ။ ယခုမူသူထပ်အဖြစ်မခံနိုင်။
မိန်းမတွေများ မာယာများလှပါဘိ။အတ္တလည်းကြီးလှပါဘိ။ ထိုထဲတွင် သူ့အချစ်ဆုံးမာမီနှင့် အချစ်ဉီးမေနှင်းငယ်လဲ ပါဝင်၏။ မေနှင်းငယ်ဆိုသော အမည်နာမကို တွေးမိရုံတင် သူခြောက်ခြားလာသည်။
နှုတ်မှလည်း "တော်တော် ရက်စက်လွန်းတဲ့မိန်းမ"
ဟု ရေရွတ်မိသည်။
အိမ်ကြီးကိုငေးကာ အတွေးနယ်ဆန့်နေသော သားဖြစ်သူအား ဒေါ်သစ္စာ တွေ့ရလျှင် ဘဝင်မကျ။"သား ပြန်ရောက်ပြီလား အိမ်ထဲဝင်တော့လေ"
မာမီ့အသံကြားမှ အိပ်မက်ကနိုးထလာသူလို ခန့်ထည်တယောက် အသိပြန်ဝင်၏။
"ဟုတ် မာမီ"
လေးတိလေးကန်ခြေလှမ်းတွေဖြင့် အခန်းဆီသွားနေသော သားကို ကြည့်ကာ အရင်ကြောင်းတွေပြန်တွေးနေပြီဆိုတာ ဒေါ်သစ္စာသိလိုက်သည်။
မေနှင်းငယ် ဆိုသော မိန်းကလေးအား သားသိပ်ချစ်မှန်းသူသိသည်။ သို့သော် မိခင်တယောက်ရဲ့အတ္တနှင့်မာန၊ တဖက်ကလည်းဒေါ်သစ္စာတို့စီးပွားရေးကို အမြဲထောက်ပံ့ပေးနေသော ခရမ်းလေးမိဘတွေရဲ့ကျေးဇူး ၊ လူကြီးတယောက်ပီပီ ဉီးနှောက်ကိုဉီးစားပေးကာ သားရဲ့ဘဝကို အတ္တဆန်ဆန် ပြောင်းလဲပေးခဲ့သည်။ သားကတော့သိမည်မဟုတ်။ ပြန်ပြောင်းလဲလို့မရတော့တဲ့အရာတွေကို မတွေးချင်တော့တာကြောင့် ဒေါ်သစ္စာခေါင်းထဲကထုတ်ကာ အနားယူလေသည်။********
မနက်ဖြန်ဆို ဖိတ်စာလိုက်ကမ်းရမည်။နှစ်ဖက်စလုံးရဲ့ မိသားစုတွေလောက်ပဲဖိတ်တာမို့ လူသိပ်များမည်မဟုတ်။ ခန့်ထည်တစုံတခုကိုသတိရကာ ဖိတ်စာတစ်စောင်၏နောက်တွင် (မေနှင်းငယ်) ဟု ရေးပြီး စားပွဲအံဆွဲထဲသီးသန့်ဖယ်ထားလိုက်သည်။ သူ့ကိုခုချိန်ထိ နှောင့်ယှက်နေတဲ့မိန်းမတယောက်မို့ ပိုင်ရှင်ရှိပြီဖြစ်ကြောင်းအသိပေးရမည်။