(27)

240 5 0
                                    

(ဇာတ်သိမ်း)

"ကျွန်တော့်မမ"

"မမ ကျွန်တော့်မမရေ"

နေကြာရနံ့တွေထုံမွှေးနေတဲ့ အလွန်ကျယ်ပြောသော အဝါရောင်နေကြာခင်းကြီးထဲ ရှင်းခန့်ထည်တစ်ယောက် ပြေးလွှားနေကာ တစ်စုံတစ်ယောက်ကို အသည်းအသန်ရှာဖွေနေသည်။
နေကြာပန်းတွေကြား ယောက်ယက်ခတ်နေပြီး လူကလဲ မောဟိုက်နေပြီ။ ချစ်ရတဲ့မမက ဘယ်ဆီပုန်းရှောင်နေလဲမသိ။

"မမရေ ကျွန်တော်လာပြီမို့ ကျွန်တော့်ကို ထွက်တွေ့ပါဗျာ"

"ကျွန်တော့်အမှားတွေအတွက် တောင်းပန်ပါ့မယ် ပုန်းမနေပါနဲ့နော်"

ရှာမတွေ့တော့တဲ့အဆုံးမှ နေကြာခင်းရဲ့အလယ်မှာ ဒူးထောက်ထိုင်ချလိုက်ပြီး  ဝမ်းနည်းစွာရှိုက်ကြီးတငင်ငိုလေသည်။

သူလာတာ နောက်ကျသွားလေပြီလား။ မမက ဒီနေရာမှာ နောက်ထပ်မစောင့်တော့ဘူးလား။

ထိုင်နေရင်းမှ မျက်နှာချင်းဆိုင်မှာရှိတဲ့ နေကြာပွင့်ကြီးကို ငေးကြည့်မိသည်။ သိပ်လှပါသည် သိပ်ချစ်ရတဲ့မမလို အဝါရောင်ရနံ့နှင့် ပနံသင့်လျက် သိပ်ကိုလိုက်ဖက်လှသည် ။ မမသာတွေ့ရင် ထိုနေကြာပွင့်လေးကို တယုတယနမ်းရှိုက်လိမ့်မှာ။ ပြီးတဲ့အခါ "နေကြာတွေကိုသိပ်ချစ်တာပဲ"ဆိုပြီး အပြုံးအေးအေးလေးနဲ့ ဆိုအုံးမှာပေါ့။
အခုတော့ ဘယ်များပုန်းရှောင်နေပါသလဲ မမရယ်။

ဟူးးးးး

သက်ပြင်းပူကြီးကို ရှိုက်ထုတ်ကာ ပူပြင်းလှသော နေမင်းကြီးကို မော်ကြည့်မိသည်။ နေကြာတွေကအပူဒဏ်ကိုကြံကြံခံရင်ဆိုင်ရင်း ချစ်ရတဲ့ နေမင်းကြီးကို နေ့စဉ်မပျက်မော်ကြည့်ကြပေမဲ့  သူရိန်နေမင်းကတော့ ရက်စက်စိမ်းကားမြဲ။ နေကြာတွေရဲ့ နှလုံးသားကို မမြင်ရော့သလား မကြည့်မိလေသလား။ သူတို့လည်း ဝမ်းနည်းနေရှာမှာပေါ့ အမြဲငေးကြည့်နေပေမယ့် တစ်ချက်လေးတောင်မှ ပြန်ငဲ့ကြည့်မခံရတဲ့ဘဝကိုလေ။

ပြာလဲ့လဲကောင်းကင်ယံထက် ဖြူလွလွတိမ်စိုင်တို့က  နှလုံးသည်းပွတ်ရှိတဲ့အရပ်ထံ မျက်နှာမူကာ ဖြေးညင်းစွာ‌ရွေ့လျားလျှက်။ အေးမြတဲ့လေပြေဖြူးဖြူးကလေး တချက်တချက် တိုးဝှေ့လိုက်တိုင်း ကဗျာဆန်ဆန်ယိမ်းနွဲ့နေတဲ့ သစ်ခတ်သစ်လက်များပေါ်တွင် ချစ်ခြင်းမေတ္တာတွေဝန်းရံထားပြီး အချင်းချင်းပွတ်သပ်ကျီစယ်နေကြတဲ့ ငှက်ကလေးနှစ်ကောင်။ တစ်ဖက်ကောင်လေးထံ ခေါင်းလေးတိုးဝှေ့လိုက် ဝါဖန့်ဖန့်အမွှေးနုနုလေးတွေကြား နှုတ်သီးဖျားကလေးနဲ့ မထိတထိထိုးဆိတ်လိုက် အသည်းယားစဖွယ်အသံသေးသေးလေးနဲ့  တကျီကျီမြည်တွန်လိုက်နဲ့ စနောက်နေကြသည်။ မြင်ကွင်းလေးက ကြည်နူးစရာကောင်းပေမယ့် ဘေးနားမှာမြတ်နိုးရတဲ့ အမျိုးသမီးကလေးက မရှိတော့ပြုံးပင်မပြုံးနိုင်။

လွမ်းရပါသော မောင့်နေကြာ Where stories live. Discover now