အောင်စာရင်းထွက်သောအခါ မာမီက ခန့်ထည်ကို ကင်မရာတစ်လုံး လက်ဆောင်ပို့ပေးသည်။ မနက်မှ လောလောလတ်လတ်ရထားသော ကင်မရာလေးအား ကိုင်ကာ တွေ့သမျှအကုန်လိုက်ရိုက်နေတော့သည်။ထိုစဉ်
စေတီရင်ပြင်၏ တနေရာ၌ အဝါရောင်နေကြာပန်းများအားကိုင်ကာ လျှောက်လှမ်းလာသော မျက်ဝန်းဝိုင်းလေး ကိုတွေ့လိုက်ရသည်။ ခန့်ထည် မျက်ဝန်းဝိုင်းလေးအား ကင်မရာဖြင့်အမိအရ လိုက်ရိုက်နေလေ၏။"ဘာတွေရိုက်နေတာတုန်း"
"ဟမ် ဘာမှဟုတ်ပါဘူး ဟိုရိုက်ဒီရိုက် ဟဲ"
မျက်ဝန်းဝိုင်းလေးအား ငမ်းနေသောခန့်ထည်မှာ အနားသို့ ဘဘုန်းရောက်လာတာကိုပင်မသိ။
"ဒါနဲ့လေ ဘဘုန်း အဲ့နားမှာ ဘုရားရှိခိုးနေတာဘယ်သူလဲဟင် ။ဘဘုန်းသိလား"
ခန့်ထည် သိချင်စိတ်ပြင်းပြလာ၍မျက်ဝန်းဝိုင်းလေးကိုညွှန်ပြကာ မေးလိုက်သည်။
"အော် အဲတစ်ယောက်လား"
"ဟုတ်"
သိရတော့မည် ဟူသောအတွေးဖြင့် ခန့်ထည် အာရုံစိုက်နားထောင်ကာ ရင်တွေပင် ခုန်နေ၏။
"သူ့နာမည်က ဒေါ်ရတနာတဲ့။ ဒီမြို့ဇာတိပဲ ။ သူ့ခင်ပွန်းကတော့ သူတို့သမီး ငယ်ငယ်လေးမှာ ဆုံးသွားရှာတာ ။ ပစ္စည်းသင်္ခါရ လူသင်္ခါရတဲ့
ခုဆို သူတို့သမီးလေးတောင် ဆယ်တန်းတက်တော့မယ် ။
ဒါနဲ့ ငါ့မြေးက ဘာလို့သိချင်တာတုန်း""အယ် !!"
ခန့်ထည် သူ့နဖူးသူရိုက်ကာ မျက်နှာကြီးရှုံ့မဲ့နေလေ၏။ ဘဘုန်းကိုဆက်မမေးတော့ပဲ အဝါရောင်လေးကိုသာ ဆက်ငေးကြည့်နေတော့သည်။
*******************
" ငါ လူထွက်တော့မယ် ကုဋေ"
"ဘယ်လို သင်္ဃန်းရုံထားတာမှ ခြောက်ရက်ရှိသေးတယ် ။ ဘယ်လိုဖြစ်ရတာတုန်း"
"ငါ မထွက်ပဲ ဆက်နေနေရင် ငရဲပြည် လမ်းစရိတ် မလိုပဲ လျောလျောရှူရှူ ဝှီးခနဲ ရောက်သွားလိမ့်မယ် ကုဋေ"
" ငါကရော လိုက်ထွက်ရမှာလား "
"ကိုရင့် သဘောလေ "