(5)

103 4 0
                                    

ညက ရှိုက်ကြီးတငင် ငိုကြွေးထားတာကြောင့် မနက်နိုးတော့မေ့မျက်လုံးများမို့အစ်နေသည်။
ခုရက်ထဲ မေ့ကျန်းမာရေးကလည်း ပိုဆိုးလာသည်။ အခုမှ အသက်ရှင်ရတဲ့တန်ဖိုးသိလာသလိုပင်။

"မေ ငါတို့ဆုံတုန်းလေး ခရီးထွက်ရအောင်ဟာ"

"ဟင့်အင်း မှူး ငါဘယ်မှမသွားချင်ဘူး။
ငါမောင့်မင်္ဂလာပွဲကို တားရအုံးမယ်"

"နင် လက်လွှတ်လိုက်ပါတော့ မေရယ် "

"ကိစ္စတွေအကုန်လုံးကို သိရက်နဲ့ ငါ့ကို လျစ်လျူရှူခိုင်းနေတာလားမှူး။ ငါမပိုင်ဆိုင်ရမှန်းသိတယ် ။ သူ့အတွက်သင့်တော်မယ်ဆို ငါ ဒီတိုင်းလေးလက်ပိုက်ကြည့်နေမှာ ။
အခုဟာက ဖြစ်မှမဖြစ်သင့်တာ ။ ငါ  ဟိုမိန်းကလေးလက်ထဲ မောင့် ကိုမထည့်နိုင်ဘူး။ ငါဘာလုပ်ရမလဲ"

"မေ နင့်မှာ အချိန်သိပ်မရှိတော့တာ ငါသိတယ်။
ကျန်တဲ့အချိန်လေးအတွင်းမှာ နင့်ဘာနင်ပျော်အောင်နေပါလား သူ့အတွက်လည်းတွေးမပူနေနဲ့တော့
ဒီအချိန်ထိ နင်စောင့်နေခဲ့ပေမယ့် သူကနင့်ဘက်လှည့်ကြည့်ခဲ့လို့လား
အခုလည်း သူရွေးချယ်ထားတဲ့လမ်းပဲလေ
ပြီးတော့ သူကခလေးလည်းမဟုတ်တော့ဘူး စဉ်းစားတတ်နေပါပြီ "

"ရှင်းခန့်ကို စိတ်မပူဖို့က နင့်အတွက်တော့ ဟုတ်ချင်ဟုတ်မယ်‌လေ ။ ငါ့အနေနဲ့ကတော့ မပူလို့မရဘူးလေ။ ဆယ်နှစ်လုံး တမြတ်တနိုးနဲ့ချစ်ခဲ့ရတဲ့ လူလေ မှူးရယ်။ မဖြစ်သင့်တဲ့ကိစ္စကို ဘယ်လိုစိတ်မျိုးနဲ့ လက်ခုပ်တီးပေးရမလဲ "

"ဒါပေမဲ့ နင့်ကျန်းမာရေးက ပိုအရေးကြီးတယ်လေ။
ဘာလို့ဖုံးကွယ်ထားရတာလဲ မေရယ်။ ငါကနင့်သူငယ်ချင်းအရင်းကြီးပါ။ မသိအောင် ထွက်သွားမလို့လား ဟမ် မေ"

"မဟုတ်ပါဘူး ငါက ငါ့ကိုတကူးတကကြီး ဆက်ဆံမှာကိုမလိုချင်လို့ပါ"

"အခုရော နေရတာအဆင်ပြေရဲ့လား "

"ဟင့်အင်း မပြေဘူး
မေမေသိရင် ဝမ်းနည်းနေမှာစိုးလို့
ဘာမှမဖြစ်သလို နေနေပေမဲ့ ငါအရမ်းပင်ပန်းနေပြီ  အိပ်ယာထဲပဲခွေနေချင်တော့တယ်  "

"နင် ကုကြည့်ပြီးပြီလား"

"ဟင့်အင်း အရင်လကမှ နာတဲ့ဒဏ်မခံနိုင်လို့ ဆေးခန်းပြသွားတာ အဲ့ကျမှ အချိန်သိပ်မကျန်တော့ဘူးဆိုတာသိရတာ ။ အစကတော့ ငါအေးအေးချမ်းချမ်းလေးပဲ ထွက်သွားချင်တာ
မောင့်ကိုပြန်တွေ့ပြီးမှ
ငါထပ်ရှင်သန်ချင်လာမိတယ်  "

လွမ်းရပါသော မောင့်နေကြာ Where stories live. Discover now