မနက်ဖြန်တွင် အိမ်တက်ဆွမ်းကျွေးမည်ဖြစ်တာကြောင့် သံဃာများအား ပင့်ရန် ဘုန်းကြီးကျောင်းသို့ ဒေါ်ခင်မေတို့မိသားစုရောက်လာသည်။ကျောင်းသို့ရောက်သော် မြတ်စွာဘုရားအားရှိခိုးဉီးချပြီးနောက် ကျောင်းထိုင်ဆရာတော်ကြီးအား ကန့်တော့လိုက်သည်။ဆရာတော်ကြီးမှာ သက်တော် (၆၀) လောက်ရှိမည်ဟုထင်ရသည်။
"အရှင်ဘုရား မနက်ဖြန် တပည့်တော်အိမ်တက်ဆွမ်းကျွေးမည်ဖြစ်တာမို့ ဆရာတော်နှင့်အတူသံဃာတွေကိုလာပင့်ဖိတ်တာပါဘုရား"
"ဒါကာတို့က လူသစ်ထင်တယ် ဘုန်းဘုန်းမမြင်ဖူးဘူးကွဲ့"
"တင်ပါ့ အခုမှအိမ်ပြောင်းလာကြတာပါဘုရား။
ဒေါ်ရတနာတို့နဲ့ အိမ်နီးချင်းတွေပါ ""အော် ဒါကာမကြီးတို့ရော နေကောင်းကြလား။ ခုရက်ထဲ ဘုရားကိုလာတာမတွေ့ဘူး ။"
"ကောင်းပါတယ်ဘုရား။"
"အေးအေး။ ကိုရင် ကုဋေ ဒီမှာ လက်ဖက်ရည်နဲ့မုန့်လုပ်ပေးပါအုံးကွာ "
ဘဘုန်းအသံကြားသော်
စာဖတ်နေသောကုဋေက"ကိုယ်တော် ဘဘုန်းပြောတာကြားရဲ့လား။
ကူပါအုံး ကိုယ်တော် "ကုတင်ပေါ်တွင် လူးလိမ့်နေသောခန့်ထည်အား တစ်ဆင့်ပြန်ခိုင်းလိုက်၏။ သို့သော် မကြားချင်ယောင်ဆောင်နေလေသည်။
"ကိုရင်တွေ မရှိဘူးလား "
ဘဘုန်းက နောက်တစ်ကြိမ် ခေါ်မှ ခန့်ထည် အခန်းပြင်ထွက်လိုက်ပြီး လက်ဖက်ရည်နှင့် ဘီစကစ်မုန့်များ ဧည့်သည်ဝိုင်းသို့ချပေးလိုက်သည်။
ထိုစဉ် __
အဝါရောင်ရင်ဖုံးအင်္ကျီလေးကို ထဘီအနက်နှင့်တွဲဝတ်၍ ခါးထိရှည်သောဆံနွယ်များကို ထက်ဝက်စီးထားကာ ချစ်စရာမျက်လုံးဝိုင်းလေးများ ပိုင်ဆိုင်ထားသော အေးချမ်းလှသည့် မိန်းကလေးကို တွေ့လိုက်သည်။
ကိုရင်ခန့်ထည် ရင်ထဲ ကုလားဘုရားများ လှည့်သွားသယောင်။
( လှလိုက်တာ)
မုန့်လာချပေးသော ကိုရင်မှာ မေ့အားစိုက်ကြည့်နေတာကြောင့် မေပြုံးပြလိုက်သည်။ မေပြုံးပြမှ အခန်းထဲသို့ မြန်မြန်ဝင်သွားလေ၏။