(13)

60 3 0
                                    

ခန့်ထည် လမ်းရဲ့ဟိုဘက်ဒီဘက်ကိုငေးကြည့်ရင်း အဝါရောင်တွေ တွေ့ရင် အဝါရောင်သိပ်ချစ်တတ်တဲ့ မမကို ပိုလွမ်းရသည်။

ခုလောက်ဆို မမ ဆံနွယ်တွေပိုရှည်လာမလား ၊ အရင်ထက် ပိုပြီးချစ်ဖို့ကောင်းလာမလား ၊ ကျွန်တော့်ကိုရော သတိရပါ့မလား ။

ခန့်ထည် အတွေးတို့ဖြင့် ပျော်နေသည်။ ဒီမြို့လေးကို ဒုတိယအကြိမ် ခြေချခြင်းဖြစ်သည်။ အရင်တစ်ခေါက်က စိတ်မပါပဲလာရပေမဲ့ ဒီတစ်ခေါက်ကတော့ သူ့ကိုစောင့်နေမည့် မမရှိသည် ။ စာမေးပွဲဖြေပြီးထဲက ပြေးလာချင်ပေမဲ့ မာမီက company စာရင်းတွေကူလုပ်ခိုင်းနေတာကြောင့် ရက်နှစ်ဆယ်လောက်ပင် ကုန်သွား၏။ ဒီတစ်ခေါက်တော့ ကုဋေ့ကိုခေါ်မလာချေ။
ခန့်ထည် ကျောင်းသို့ရောက်သော် ဘဘုန်းအား ကန်တော့ပြီး
မမဖို့ဝယ်လာတဲ့ ကံ့‌ကော်ပန်းတွေယူကာ နေကြာခင်းဘက်သို့ထွက်ခဲ့၏။

မမ ကျွန်တော့်ကို စောင့်နေပါ့မလားလို့တွေးရင်း နေကြာခင်းထဲ မဝံ့မရဲ ကြည့်မိသည်။ ထိုစဉ် နေကြာပန်းတွေကြားမှာ ပြုံးနေတဲ့ မမ ကို
တွေ့တော့  ပျော်ရသည်။
မရဲတရဲမျှော်လင့်ချက်လေးဟာ တကယ်ဖြစ်လာခဲ့ရင် သိပ်ပျော်စရာကောင်းတာ။

(အဝါရောင်ကို သိပ်ချစ်တဲ့မမ ၊
ကျွန်တော်ချစ်ရတဲ့ မမ ၊ ရှင်းခန့်ရဲ့မမ )

ဒီပုံစံကလေး ကို အဝေးက မြင်နေရပေမယ့် စတွေ့တုန်းကလိုပဲ ခန့်ထည် ရင်တွေခုန်နေ၏။

( မမက ကျွန်တော့်ကို စောင့်နေတယ် ၊ ကျွန်တော်ပြောတဲ့စကားကို မှတ်မိပေးပြီး ကျွန်တော့်ကို စောင့်နေတယ်တဲ့ ၊
ကျွန်တော် ပျော်လိုက်တာ  ၊
ဒီကောင်တော့ ရူးရတော့မှာပဲဗျာ )
ခန့်ထည် မျက်ရည်တွေပင် ဝဲလာသည်။

" မမ "

" အင်း "

" ရောက်တာကြာပြီလားဟင်
ကျွန်တော့်ကို လာစောင့်နေတာလားဟင် မမ "

" အင်း  မမ မင်းကို သတိရလို့ "

(မမက ကျွန်တော့်ကို သတိရတယ်တဲ့ )

ရှင်းခန့်က အရင်တခေါက်ကလို ကတုံးလေးမဟုတ်ပဲ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ပုံစံလေးနဲ့ ပိုကြည့်ကောင်း၏ ။
အရပ်လည်း ပိုရှည်လာသည်။ ခုဆို မေ့အရပ်က ရှင်းခန့်ရဲ့ ရင်ညွန့်လောက်ပဲ ရှိမည်ထင်သည် ။

လွမ်းရပါသော မောင့်နေကြာ Where stories live. Discover now