ဒီနေ့တော့ မမဆီသွားရတာမပျော် ။ ဘေးမှ အနှောင့်အယှက်ကောင် ကုဋေ
လိုက်လာသောကြောင့် ဖြစ်သည်။
စောစော ထွက်လာကာမှ သူပါလိုက်မည်ဟု တဂျီဂျီ ပြောနေသောကုဋေ့ကို စောင့်ရင်း မနက် ၈ နာရီပင် ထိုးလေပြီ ။အိမ်ရှေ့သို့ရောက်သော် မမတို့ ခြံတံခါးပိတ်ထားသည်ကို တွေ့ရသည် ။
ကျွန်တော့်ကို မြင်တော့ ဘေးအိမ်မှ မမသူငယ်ချင်းထွက်လာပြီး
"ဟို မေတို့မရှိဘူးမောင်လေးတို့ ဉီးလေးကို သွားကြိုကြတယ် "
" အော် ဟုတ်ကဲ့ "
" ဒီနေ့ ကြည့်ဖို့စာတွေ အမကို ပေးသွားတယ်
ဒီကို လာယူလှည့်ချေ "ခန့်ထည် က ရှစ်ခေါက်ကျိုးမျက်နှာနှင့် ကုဋေ့အား တံတောင်နဲ့တွတ်နေတာမို့ ကုဋေကပဲသွားယူရသည်။
စာအုပ်ကို လှမ်းယူတော့ အဲ့အမကပြုံးပြလာကာ"ငါ့ကိုစာပေးတာ နင်လား"
"ဟမ် မသိဘူး"
ခန့်ထည်ကမပေးရဲလို့ သူ့မမကို ကိုယ်စားပေးခိုင်းတာကြောင့် စာပေးပေးရသည်။
ဒါပေမဲ့ ခုနအမ ပြောတာက သူ့ကိုကျွန်တော်ကပေးတယ်တဲ့။ ခန့်ထည်ကိုမေးမလို့ ပြန်လှည့်ကြည့်တော့ ခေါင်းကြီးငုံ့ကာ ပြန်သွားသော ခန့်ထည်ကြောင့် အမှီပြေးလိုက်ရသေးသည်။လမ်းတစ်လျှောက် ခန့်ထည်က သက်ပြင်းတချချနှင့် မျက်နှာကလည်း အီးမှန်ထားသလို ။
" နေပါအုံး အခု မင်းက ဘာဖြစ်နေတာလဲ "
" ဟင်းး ငါ မမကိုမတွေ့ရတာ 16နာရီ 21မိနစ် နဲ့ 46 စက္ကန့်ရှိပြီ မမရဲ့ အပြုံးချိုချိုလေးတွေကို ငါလွမ်းနေပြီကွာ ပြီးတော့ မမ နေကောင်းရဲ့လားလဲမသိဘူး "
" အလွမ်းလွန်ပြီးတခါတည်းသေသွားပါလား ခန့်ထည်"
"အေး သေရမလိုတောင်ဖြစ်နေပြီ
မင်းက ဒါတွေဘယ်သိပါ့မလဲ ချစ်ရမဲ့သူမှမရှိတာ""ဆင်ဂနယ်ဆိုတာ ပိုကောင်းတာဟ ခန့်ထည်ရဲ့ ဒါနဲ့ဟိုနေ့ကစာကိစ္စရှင်းစမ်းပါအုံး"
"ဟဲဟဲ အဲတာက ငါ့မမနာမည်ကိုမှားသိထားလို့
မှားသွားတာ ""အဲတော့ ငါကပေးတယ်ဖြစ်ရောပေါ့"