Part 5

352 9 2
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး…ကျွန်တော်ဖြစ်ပါရစေ…"

"အပိုင်း(၅)
..………………………………
            
"အဲ့ဒီကောင်လေးနဲ့ သမီးက သိလို့လား"
           
မေပျို ခေါင်းခါကာ ငြင်းမိသည်။
ခါးထောက်ပြီးစိုက်ကြည့်နေသော ဦးလေးသာ မရှိရင် နယုန်အကြောင်း မေမေ့ကို
ပြောပြမိမှာပင်။ အခုတော့ ဦးလေးက ဘေးမှာ မသင်္ကာအကြည့်တို့နှင့် ကြည့်နေ၏။ မေပျို အဖြေကိုလည်း မကျေနပ်သည့်ပုံပင်။
           
"တွေ့လား ညီညီ…နင်ကအတွေးလွန်နေတာပါ ကလေးကို မဟုတ်မဟပ်တွေ မထင်စမ်းပါနဲ့"
            
"ကျွန်တော်ထင်တာ မဟုတ်ဘူး အစ်မ။ အဲ့ဒီကောင်လေးက ဗြုန်းဆိုရောက်လာပြီး ကားပျက်နေတာလား လာမေးတာ"
             
"ကားရပ်ထားတော့ ကားပျက်နေလားလို့ မေးတာဆန်းလို့လား။ တကယ်လည်း ဦးလေးကားက ပျက်နေတာပဲ မဟုတ်လား"
             
"မေပျို…နင် ငါ့ကို ဘယ်လိုလေသံနဲ့ ပြောနေတာလဲ။
အခုချက်ချင်း လေသံကို ပြင်"
             
မေပျို မကျေမနပ်နှင့် နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။
             
"နင့်ပုံစံကို ပြင်ထား။ငါ့ကို နောက်တစ်ခါ အဲ့ဒီလိုလေသံနဲ့ ပြောလို့ကတော့ ငါ့အကြောင်း သိမယ်"
             
လက်ညှိုးငေါက်ငေါက်ထိုးပြီး ပြောနေသော ဦးလေးကို နာကြဉ်းမုန်းတီးစွာ စိုက်ကြည့်ပြီး အခန်းထဲ ပြန်ဝင်လာခဲ့သည်။ အိမ်မှာ နေချင်စိတ်ကို မရှိတော့။ ဖြစ်နိုင်ရင် အဲ့ဒီလူနှင့်
ဝေးရာမှာပဲ အေးအေးဆေးဆေး နေချင်တော့သည်။
              
ခဏကြာတော့ အသံတွေ တိတ်ဆိတ်သွား၏။ ဦးလေးလည်း အပြင်ထွက်သွားသည် ထင်သည်။ ကားသံကြားရ၏။
မေမေလည်းမေပျို အခန်းဆီ မလာ။ ဒီတစ်ခါလာရင်တော့  အိပ်ချင်ယောင်ဆောင်နေတော့မည်ဟု မေပျို တွေးနေမိသည်။
           
အိပ်ရာထက်မှာလူးလိမ့်ရင်း အိပ်မပျော်။
ဒီနေ့ နယုန်ကျန်ခဲ့သည့်ပုံကို မြင်ယောင်မိရင်း စိတ်မကောင်းဖြစ်နေမိသည်။ သူ့မှာ သူများကူညီရင်း ဒဏ်ရာများ ရသွားလားမသိ။ တွေးရင်း စိတ်ပူနေမိသည့်အခါ မီးထဖွင့်ပြီး ငုတ်တုတ်ပဲ ထထိုင်နေလိုက်တော့သည်။
          
ပြီးနောက် ပြတင်းပေါက်ဆီသို့ လျှောက်လာခဲ့သည်။
           
ဖုန်းလဲဆက်လို့မရဘူး။ တကယ်ဆို နင်အဆင်ပြေရဲ့လားလို့မေးရမှာ…အခုတော့… အဟင့်
            
မေပျိုတွေးရင်း အော်ငိုချင်စိတ်ပင်ပေါက်မိသည်။

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now