Part 10

297 9 0
                                    

Unicode

"သူမ ချစ်သောမိုးစက်လေး...ကျွန်တော်ဖြစ်ပါရစေ..."

"အပိုင်း(၁၀)
......................................

မီးခိုးနံ့များ မွှန်ထူပြီး အသက်ရှူမဝသလို ဖြစ်သည့်အခါ မေပျို အိပ်ရာမှ လန့်နိုးလာခဲ့သည်။နိုးနိုးချင်း ဘယ်ရောက်နေမှန်း
စဉ်းစားမရ။ထရံများ ကာထားသည့် အခန်းကျဉ်းထဲမှ ပစ္စည်းများလိုက်ကြည့်ရင်းမှ တဖြည်းဖြည်းသိလာခဲ့သည်။

"နယုန်"

အခန်းထဲတွင် နယုန်ကို မတွေ့သည့်အခါ ခြင်ထောင်အပြင်သို့ အမြန်ထွက်လိုက်သည်။ထိုအချိန် အခန်းထဲဝင်လာသည့် နယုန်ကို မြင်လိုက်ရ၍ စိတ်သက်သာရသွားမိသည်။

"နိုးပြီလား အစောကြီး ရှိသေးတာကို"

"ဘယ်သွားနေတာလဲ"

"အမေ မုန့်ဟင်းခါးချက်ဖို့ မီးမွှေးပေးနေတာ...အခန်းထဲ မီးခိုတွေ ပြည့်နေတာပဲ...အသက်ရှူကြပ်နေပြီလား"

"အင်း"

"ခဏလေး ပန်ကာသွားယူလိုက်ဦးမယ်"

နယုန် က အခန်းအပြင်ပြန်ထွက်သွားပြီး ခဏအကြာတော့ ပန်ကာအပုလေးတစ်လုံးကို ယူလာ၏။ပြီးနောက် ပန်ကာကို မေပျိုဘက်ကိုလှည့်ပြီး ဖွင့်ပေး၏။

"ဘယ်လိုလဲ... အသက်ရှူချောင်သွားပြီလား"

မေပျို ပြုံးကာ ခေါင်းညိတ်ပြီး လေအတိုက်မှာ လွှင့်နေသော ဆံပင်စများကို လက်ဖြင့်သိမ်းကာ ပခုံးရှေ့သို့စုချလိုက်သည်။ဒါကိုပဲ နယုန်ကပြုံးပြီး ကြည့်နေ၏။

"ဘာကြည့်တာလဲ"

"လှလို့"

မေပျို နှုတ်ခမ်းကို ကိုက်ကာ ခေါင်းငုံ့ထားမိသည်။နယုန်ကလည်း ရှက်ရယ်ရယ်နေ၏။

"ငါ အရင်ကဆို အိပ်ရာက နိုးနိုးချင်း
နင့်အကြောင်း အရင်ဆုံးတွေးတယ်...
နင့်မျက်နှာလေး မြင်ယောင်ပြီး စိတ်ထဲက စကားတွေ အမြဲ လှမ်းပြောတယ်"

"ဟင် စိတ်ထဲကနေ စကား ဘယ်လိုပြောလဲ"

"ဒီိလိုပဲပေါ့...မေပျိုရေ... ငါ နိုးပြီပေါ့...
နင်ရော နိုးပြီလားပေါ့... မောနင်းနော်တို့ ဘာတို့ပေါ့"

သူမချစ်သော  မိုးစက်လေး ကျွန်တော်ဖြစ်ပါရစေ... (Completed )Where stories live. Discover now